
နေပြည်တော် မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာ ချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန် ပေးအပ် ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိ နေသော ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန် ရှိသူများနှင့်အတူ တိုးချဲ့ရပ်ကွက်ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့ များနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ အလယ် ချောင်းကျေးရွာအုပ်စု အခြေခံမူလတန်း (လွန်)ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ခြင်း များ၊ မီးရထားဆိပ်ကမ်းရပ်ကွက်ရှိ စားသုံးသူရေးရာ ဦးစီးဌာန၏ ဂိုဒေါင်နှင့် ဆိပ်ကမ်းများတွင် ထောက်ပံ့ ပစ္စည်းများရောက်ရှိပါက ထားရှိနိုင်မှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ချင်းပြည်နယ် တီးတိန်မြို့သို့ ရောက်ရှိ နေသော ဗိုလ်မှူးချုပ် ဝင်းကိုကို သည် လေဘေးသင့် ပြည်သူများထံသို့ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေ သော ဗိုလ်မှူးချုပ် အောင်သူဦး သည် တာဝန်ရှိသူ များနှင့်အတူ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်း၊ ထရန်စဖော်မာများ ပျက်စီးခြင်း၊ ဓာတ်ကြိုးများ ပြုတ်ကျခြင်း၊ သစ်ပင် များ ကျိုးကျ၍ လမ်းများပိတ်နေခြင်းများကို ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လျှပ်စစ်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်