
နေပြည်တော် မေ ၃၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာ ရှိကြီးများကို ခန့်အပ်တာဝန်ပေး ထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခန့်အပ်တာဝန်ပေးအပ် ထားရှိရာ မေ ၃၀ ရက်တွင် ချင်း ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဟားခါး မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်း ထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူ များ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အဖွင့်အမှာစကားများ အသီးသီး ပြောကြားသည်။ (အပေါ်ပုံ)ထို့နောက် တာဝန်ရှိသူများက မုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်း ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံး ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်တို့က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေ သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့် အတူ ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မိုခါမုန်တိုင်းဒဏ် ကြောင့် ပျက်စီးခဲ့သည့် ဆုံးရှုံးမှု တန်ဖိုးအား နောက်ဆုံးစာရင်း ညှိနှိုင်းအစည်းအဝေး ပြုလုပ် ပြီး ကျောက်ဖြူမြို့နယ်အတွင်း ပျက်စီး ဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့် လုပ် ဆောင်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အချိန်မီတင်ပြ သွားရန်လိုကြောင်း မှာကြားခဲ့သည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီး တောင်မြို့ မီးရထားဆိပ်ရပ်ကွက် ရှိ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်၌ ထောက်ပံ့ပစ္စည်းများ ရောက်ရှိ သိုလှောင်ထားရှိမှုအခြေ အနေများ၊ မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပညာရေး အဆောက်အဦများ၊ လူနေအိမ် အဆောက်အဦများ၊ ကျွဲ/ နွား သေဆုံးမှုစာရင်းများ၊ ကယ်ဆယ်ရေးပစ္စည်း ရောက်ရှိ ဖြန့်ဝေမှု အခြေအနေများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး တွက်ချက် ရေးကော်မတီ (အင်ဂျင်နီယာ အဖွဲ့)၏ တွက်ချက်တင်ပြမှုစာရင်း များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အလားတူ ချင်းပြည်နယ် မတူပီ မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ တွင် မတူပီမြို့ရှိ လေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့အတူ မြောက်ဦးခရိုင် မြေပုံမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေး အဖွဲ့နှင့် အလှူရှင်များ ထောက်ပံ့သည့် စားရေရိက္ခာပစ္စည်းများနှင့် အိမ် ဆောက်ပစ္စည်းများ ခွဲဝေထောက်ပံ့ ပေးမှုနှင့် ဖြန့်ဝေမှုများအား ပြည်သူများလက်ဝယ်သို့ မြန်ဆန် စွာရောက်ရှိရေး ရှင်းလင်းဆွေးနွေး ပြီး လေဘေးသင့်ပြည်သူများ အတွက် Family Kit ဘူး ၁၅၀ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်