ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

 

စစ်တွေ  စက်တင်ဘာ ၂၃


ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ကျန်းမာရေးနှင့် ပြည်နယ်ဆေးရုံကြီးဝန်ထမ်းများ၊  စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများအား   ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်      ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက        ယခုအချိန်တွင် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၏ ကြီးကြပ်ကွပ်ကဲ မှု၊  ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ အပင်ပန်းခံမှု၊ ပြည်သူများ၏ ကိုဗစ်-၁၉ နှင့်ပတ်သက် သည့်    စည်းကမ်းချက်များကို  ပူးပေါင်းလိုက်နာမှု၊ သက်ဆိုင်ရာ   မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ    ကြိုးစားဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုနှင့်   သေဆုံးမှုနည်းပါး လာသည်ကို   တွေ့ရှိရပါကြောင်း၊     ကိုဗစ်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် စစ်တွေဆေးရုံကြီးအပါအဝင်    ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအားလုံး၏    ကြိုးစား အားထုတ်မှု၊ အနစ်နာခံမှုများကို  ပြည်နယ်အစိုးရ အဖွဲ့က ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား များစွာကျေးဇူးတင်ကြောင်း၊   ထိုကဲ့သို့ ဆောင်ရွက် ကြသည့်အခါ    ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသက်ဆုံးရှုံးမှု၊  ရောဂါကူးစက် ခံခဲ့ရမှုများရှိခဲ့သည် ကို   ကိုယ်ချင်းစာ  လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ် ပါကြောင်း ပြောကြားသည်။


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်က    ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ    ပြည်နယ်ကျန်းမာရေးနှင့် ပြည်နယ်ဆေးရုံကြီးဝန်ထမ်းများ၊  စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန        ဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့်  ဂုဏ်ပြုမှတ်တမ်းများကို   ပေးအပ် ချီးမြှင့်ထောက်ပံ့ရာ    ဆေးရုံအုပ်ကြီး   ဒေါက်တာ ကြည်လွင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး  ဒေါက်တာကြည်ကြည်သာတို့က   လက်ခံယူကြ သည်။


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစု ရပ်(၁)၊ စစ်တွေဆေးရုံကြီး၌ အသက် ၅၅  နှစ်နှင့် အထက်ပြည်သူများနှင့်   ဦးတည်အုပ်စုတွင် ပါဝင် သူများအား ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးထိုး နှံနေမှုအား        သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။                  

တင်ထွန်း(ပြန်/ဆက်)