ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နေရပ်ပြန်မည့်ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

စစ်တွေ     မတ်    ၃
ရခိုင်ပြည်နယ်  ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန် ယာယီခိုလှုံရာစခန်းတွင်  နေထိုင်ကြသည့်     ပုဏ္ဏားကျွန်း မြို့နယ်ကျေးရွာလေးရွာမှ  ပြည်သူ များနှင့်   ချင်းပြည်နယ်  ပလက်ဝ မြို့နယ်     ကျေးရွာတစ်ရွာတို့မှ  နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲ ရှောင်    ဒေသခံပြည်သူများအား ရခိုင်ပြည်နယ်     အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်း များ   ထောက်ပံ့ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ စက်မှုသင်တန်းကျောင်း၌  ပြုလုပ် ရာ        ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန်လင်း၊  အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် ထင်လတ်ဦး၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊   ကျေးရွာအုပ်စု    အုပ်ချုပ်ရေးမှူး များနှင့်  နေရပ်ပြန်မည့်  ယာယီ  တိုက်ပွဲရှောင် ဒေသခံပြည်သူများ  တက်ရောက်ကြသည်။ (ဝဲပုံ)
ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ် က အားပေးအမှာစကားပြောကြား သည်။   ဆက်လက်၍   ပြည်နယ် ဝန်ကြီးချုပ်က    ပြည်နယ်အစိုးရ အဖွဲ့မှ    အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် အိမ်ထောင် စု ၁၄၀    အတွက်   ထောက်ပံ့သည့်  ငွေကျပ်သိန်း  ၇၀၀  ကို   လည်း ကောင်း၊ တိုင်းမှူးက ဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနက  အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့်      ထောက်ပံ့  သည့်   ငွေကျပ်သိန်း  ၁၄၀  ကို လည်းကောင်း၊   ပြည်နယ်ဝန်ကြီး များက     ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ သည်   လူတစ်ဦးလျှင်  ဆန်ရိက္ခာ တစ်လစာ လူဦးရေ  ၅၃၂ ဦးအတွက် ထောက်ပံ့ငွေ    ၄၇၈၈၀၀၀  ကို လည်းကောင်း၊   ဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှု  ဦးစီးဌာနက ထောက်ပံ့သည့် လူသုံးကုန်ပစ္စည်း ၁၇  မျိုးပါ  Family Kit  ၁၄၀ တို့ ကို ပေးအပ်ကြရာ  စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက  လက်ခံရယူကြ သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည်  နေရပ် ပြန်ကြမည့် ဒေသခံပြည်သူများအား  ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် အားပေးစကား        ပြောကြား ကြသည်။
ယာယီခိုလှုံရာ     စခန်းတွင်  ပုဏ္ဏားကျွန်းမြို့နယ်  ကျောက်ဆိပ် ကျေးရွာ၊ သာစည်ကျေးရွာ၊ ဒိုးတန်း ကျေးရွာ၊   ပိန္နဲတောကျေးရွာနှင့် ချင်းပြည်နယ်  ပလက်ဝမြို့နယ် နှမဒါကျေးရွာတို့မှ အိမ်ထောင်စု ၁၄၀၊   လူ    ၅၃၂  ဦးတို့မှာ  ၎င်းတို့ ၏         သဘောဆန္ဒအလျောက်  မူလနေရပ်များသို့ ပြန်လည်နေထိုင် လိုသဖြင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး မော်တော်ယာဉ်များ ဖြင့် ကျေးရွာအရောက် ပို့ဆောင် ပေးခြင်းကြောင့်  စက်မှုဇုန်ယာယီ ခိုလှုံရာစခန်းအား ပိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)