
စစ်တွေ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ၏ လမ်းညွှန်ချက်များ အပေါ် ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
အစည်းအဝေးတွင် ရခိုင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မကြာမီကာလတွင် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး အစီအစဉ်ကို စတင် ဆောင်ရွက်မည် ဖြစ်သည့်အတွက် အထူးသဖြင့် ပြန်လည်လက်ခံ ရေးနှင့်အတူ ပြန်လည်ထူထောင် ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆက်စပ်သည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍ အလိုက် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ဆောင်ရွက်ပြီးစီး မှု အခြေအနေများကိုလည်း ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာန များသို့ အချိန်မီပေးပို့ဆောင်ရွက် ကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး က ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး Virtual Online စနစ်ဖြင့် တက်ရောက်ကြသည့် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးနှင့် စခန်း တာဝန်ခံများက လက်ရှိမြေပြင် တွင် ဆောင်ရွက်ထားမှုအခြေ အနေများကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးကြပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက နိဂုံးချုပ် အမှာစကား ပြောကြား ကြောင်းသိရသည်။
သတင်းစဉ်