ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဝန်ကြီးဌာနအသီးသီး၏ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်   မေ    ၁၉ 


ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကယ်ဆယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကာကွယ် ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန၊  သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊  သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး     ဝန်ကြီးဌာန၊   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန နှင့်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်      ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ       ကွန်ကရစ် မီးတိုင်များ၊      တာဝါတိုင်များ၊ သံချောင်းများ၊   လျှပ်စစ်ဝိုင်ယာ ကြိုးများ၊ သစ်ခွဲသားများ၊ မိုးကာ တဲများ၊    မိုးကာများ၊   သွပ်များ၊ အိမ်ရိုက်သံများ၊ ဆက်သွယ်ရေး ဖိုက်ဘာကေဘယ်လ်များ၊ ဆန် အိတ်နှင့်  ခေါက်ဆွဲခြောက်များ အပါအဝင်  ကူညီကယ်ဆယ်ရေး ပစ္စည်းများအား   သဘာဝဘေး အန္တရာယ်  စီမံခန့်ခွဲမှုဗဟိုဌာန၏ စီစဉ်မှုအရ     မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏    ကြီးကြပ်မှုဖြင့်   မေ ၁၆ ရက်မှစတင်၍ ရန်ကုန်မြို့ The   Myanmar  Terminal  (TMT) ဆိပ်ကမ်းတံတား၌  MV. AQUARIUS၊ MV.SUN SHINE နှင့် MV.FORTUNE သင်္ဘော သုံးစင်း တို့ပေါ်သို့       တင်ဆောင်လျက်ရှိ သည်။

 


ဆက်လက်ထွက်ခွာ


MV.AQUARIUS   သင်္ဘော သည်    ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့  ထွက်ခွာသွားပြီး  ကျန်သင်္ဘော နှစ်စင်းပေါ်သို့ ကူညီ ကယ်ဆယ်ရေး     ပစ္စည်းများ အမြန်ဆုံးတင်ဆောင်၍   စစ်တွေ မြို့သို့  ဆက်လက်ထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။              

      
သတင်းစဉ်