
နေပြည်တော် ဩဂုတ် ၁၅
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်းကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ကို ရေယာဉ်၊ လေယာဉ်၊ မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိရာ MV Charity ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ တို့မှ ပေးပို့သော Lip Channel ၁၀၅ တန်၊ ဒေါင့်သံချောင်း ၆၅၉ တန်၊ စတီးပြားအထူတန် ၂၀ ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ကိုးတန်၊ ဆန် ၂၄ ပြည် ၃၃၄၀၇ အိတ်၊ ဆန် ၆ ပြည်အိတ် ၅၀၀၀ ၊ ပဲအိတ် ၅၀၀၀၊ ခေါက်ဆွဲခြောက်ဖာ ၅၀၀၀၊ ဆီ ၁ လီတာဘူး ၁၀၀၀၀၊ အဝတ်အထည် ၂၅ ဖာ စုစုပေါင်း ၂၇၀၈ ဒသမ ၀၁ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့ မွန်းလွဲပိုင်း တွင် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ ထွက်ခွာ သွားကြောင်း သိရသည်။
သတင်းစဉ်