
ပဲခူး မေ ၂၄
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဖြတ်သန်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်သင့်မြို့နယ် များရှိ ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဦးဆောင် ၍ ဌာနဆိုင်ရာများ၊ အလှူရှင်များ က အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းကို မေ ၂၄ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး နှင့် ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ တက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရက မုန်တိုင်းဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေး ညီ အမြန်ဆုံးပြန်လည်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းမှ စေတနာရှင် အလှူရှင်များ ပေးအပ်လှူဒါန်း သည့် အလှူငွေများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနသို့ ပေးအပ်လှူဒါန်းပေး သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ က အလွန့်အလွန် အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဖြတ်သန်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်သင့်ဒေသ များ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရေး ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး တို့ထံ အလှူရှင်များက အလှူ ငွေနှင့် စားသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က လာ ရောက် လှူဒါန်းကြသည့် ဌာန ဆိုင်ရာများ၊ အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်သင့် မြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း ၍ အလှူငွေကျပ် ၄၅၀၆၇၂၀၀၀၊ ပစ္စည်းတန်ဖိုး ၈၂၃၅၈၅၀၀ စုစုပေါင်း လှူဒါန်းမှု တန်ဖိုး ငွေကျပ် ၅၃၃၀၃၀၅၀၀ ဖြစ် ကြောင်း သိရသည်။
တင်စိုး(ပဲခူး)