
နေပြည်တော် မတ် ၄
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းရှိ ရှော်မယ်၊ လက်ကောက် ဈေး၊ ထမ္မရာဇ်၊ တောင်မြင့်၊ ဝက်လှ၊ မြို့သစ်၊ ကိုးနဝင်းနှင့် ပြလှ ယာယီခိုလှုံရာစခန်းများ၌ ခေတ္တခိုလှုံ နေထိုင်လျက်ရှိသော ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ဝင် မိသားစုများသည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသ များသို့ ပြန်လည်နေထိုင်ကြမည် ဖြစ်ရာ အဆိုပါ ယာယီတိုက်ပွဲ ရှောင် အိမ်ထောင်စုဝင်များ လတ်တလော စားသောက်နေထိုင် ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန် ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ် ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ပြုလုပ်ရာ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ဦး တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက အားပေးအမှာစကားများ ပြော ကြားကြသည်။ ထို့နောက် တာဝန် ရှိသူများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၄၂ စုအတွက် ငွေကျပ်သိန်း ၇၁၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၄၂ သိန်းကို လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူတစ်ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၈၂ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၅၂၃၈၀၀၀ ကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် လူသုံး ကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit တစ်ပုံးနှုန်းဖြင့် Family Kit ၁၄၂ ပုံးနှင့် အိမ်ထောင်စု တစ်စုလျှင် တာပေါ်လင်စ တစ်စ နှုန်းဖြင့် တာပေါ်လင်စ ၁၄၂ စကို လည်းကောင်း စခန်းတာဝန်ခံ များထံ ထောက်ပံ့ပေးအပ်ကြ သည်။
ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် မြောက်ဦးမြို့နယ် အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့ ၏ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ရှိကြမည့် ယာယီတိုက်ပွဲ ရှောင် အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန် ပစ္စည်းများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများက မော်တော် ယာဉ်များ၊ စက်လှေများ ပေါ်သို့ ကူညီသယ်ယူပို့ဆောင် ပေးကြပြီး ၎င်းတို့၏ နေရပ် ကျေးရွာများအရောက် အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်