
နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ်အမိုးသွပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက် ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌ ဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်က ရခိုင် ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် အိမ် အမိုးသွပ် ချပ် ၁၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူ ပြီး ကျေးဇူးတင်စကားများ ပြန်လည်လျှောက်ထား ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်