ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်တွေ   ဇူလိုင်   ၄


ရခိုင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးကော်မတီ၏ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ဖြစ်ပွားမှုမြင့်မားလာ


အစည်းအဝေးတွင်    ရခိုင် ပြည်နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ ဒေါက်တာ  အောင်ကျော်မင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း သည် မေလကုန်ခါနီးတွင် စတင် ဖြစ်ပွားလာသည်ကို မှတ်တမ်းများ အရ    တွေ့ရှိရပါကြောင်း၊    ယခု ဆိုလျှင်     မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ဖြစ်ပွားမှုမြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊     သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးဆောင်ရွက်သကဲ့သို့ ဘေးမဖြစ် ပွားမီ၊      ဘေးဖြစ်ပွားနေစဉ်၊ ဘေးဖြစ်ပွားပြီးနောက် ဆောင်ရွက် ရမည့်လုပ်ငန်းများကို    စီစဉ် ဆောင်ရွက်ထားနိုင်ရန်အတွက် ယခုအစည်းအဝေးကို အရေးပေါ် ခေါ်ယူရခြင်း    ဖြစ်ကြောင်းနှင့် ဝိုင်းဝန်းအကြံပြု  ဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။ 


ဆွေးနွေးတင်ပြ


ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ   တွေ့ရှိခဲ့မှုအခြေအနေ၊ ကာကွယ်ဆေး    ထိုးနှံပေးခဲ့မှုနှင့် ဆက်လက်    ထိုးနှံပေးသွားမည့် အခြေအနေများ၊      နယ်စပ် ကုန်သွယ်ရေးစခန်းများ     ခေတ္တ ပိတ်ထားမည့်    အခြေအနေများ၊ အခြေခံ   ပညာကျောင်းများတွင် ကိုဗစ်-၁၉   ရောဂါ    ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များ နှင့်အညီ     ပညာသင်ကြားနေမှု၊ ပြည်သူအားလုံး       ပါးစပ်နှင့် နှာခေါင်းစည်းများ     တပ်ဆင် သွားလာနိုင်ရေး၊  အသိပညာပေး လုပ်ငန်းများ   ဆောင်ရွက်နိုင်ရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်   ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များ ကို  အချိန်နှင့်တစ်ပြေးညီ  သတင်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှု တို့ကို ဆွေးနွေးတင်ပြကြသည်။ 


တင်ပြချက်များအပေါ် ပြည်နယ် ကော်မတီဥက္ကဋ္ဌ    ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌက   ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)