
သံတွဲ နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ရှိ ငပလီ ကမ်းခြေတွင် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ရေးနှင့် ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် သံတွဲ၊ တောင် ကုတ်နှင့် ဂွမြို့နယ်များမှ လှပျိုဖြူများက ရခိုင်ရိုးရာ ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က အဖွင့်အမှာစကား ပြောကြားရာ တွင် ငပလီဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ်ကလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုနှစ်တွင် တည်ငြိမ် အေးချမ်းလျက်ရှိသော ရခိုင် ပြည်နယ်၏ ပြယုဂ်ကို ဖော်ညွှန်း သည့်အနေဖြင့် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာခြင်းအပေါ် မူတည် ၍ လည်းကောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေ အနားယူနိုင်ရေးကို ရည်ရွယ်၍ လည်းကောင်း၊ ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပွဲတော်ကို ယနေ့မှ စ၍ ငါးရက်တိုင် ကျင်းပသွားမည် ဖြစ်ပြီး သဲသောင်ပြင်ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲများစွာ ကို ထည့်သွင်းကျင်းပသွားမည့် ဖြစ်သည့်အတွက် ဒေသခံများ နှင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအားလုံး စိတ်နှလုံးရွှင်လန်းစွာ ပါဝင်ဆင်နွှဲ ကြစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင် ကျော်မင်းက ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ အဓိက အပန်း ဖြေခရီးစဉ်ဒေသဖြစ်သလို မြန်မာ နိုင်ငံ၏ အထင်ရှားဆုံးကမ်းခြေ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားများအပြင် ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်များကပါ အသိ အမှတ်ပြုတန်ဖိုးထားသည့်ဒေသ ဖြစ်ကြောင်း၊ အာရှ၏ အပျိုစင် ကမ်းခြေအဖြစ် တင်စားခေါ်ဝေါ် ကြပါကြောင်း၊ ယခုလို ပြည်တွင်း ပြည်ပမှ လာရောက် အပန်းဖြေလို သည့် ခရီးသွားဧည့်သည်များ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ရန်အတွက် ငပလီ ကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပနိုင်သည့်အတွက် မင်္ဂလာ ရှိသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုလိုပြည်တွင်း ပြည်ပက အပန်းဖြေလိုကြသည့် ခရီးသွား လာသူများ ယခုနှစ် ခရီးသွား ရာသီမှာ လွတ်လပ်ပျော်ရွှင်စွာ လာရောက်နိုင်ပြီ ဖြစ်ကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ် စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ငပလီ ကမ်းခြေဆောင်းဦးပွဲတော်ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်) မှ ဦးဖိုးရီအောင်က ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။
ထို့နောက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်နှင့် ဟိုတယ်လုပ်ငန်း ရှင်များအသင်း(ရခိုင်ဇုန်)မှ ဦးဖိုးရီ အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က ဖျော်ဖြေ တင်ဆက်နေမှုအား လှည့်လည် ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)