
ကျောက်တော် ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ မှစတင်ပြီး အစိုးရ ရေကြောင်းပိုင် ရေနယား(၄၁၆၃)ရေယာဉ်ဖြင့် ခရီးသွားပြည်သူများနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန်အတွက် စတင်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
အစိုးရ ရေကြောင်းပိုင် ရေယာဉ်များမှာ ကျောက်တော် မြို့နှင့် ချင်းပြည်နယ် ပလက်ဝ မြို့သို့ ရေယာဉ်လိုင်းကို မပြေးဆွဲ သည်မှာ ဆယ်စုနှစ် နှစ်စုတောင် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ နယ်မြေ အေးချမ်းနေပြီဖြစ်၍ ရေယာဉ် လိုင်းအား စတင်ပြေးဆွဲနေပြီ ဖြစ်ရာ ကုန်စည်စီးဆင်းမှုမှာလည်း အဆင်ပြေ ချောမွေ့သွားပြီဖြစ် ကြောင်း၊ ကျောက်တော်-ပလက်ဝ တစ်ညအိပ်နှင့် ပလက်ဝ-ကျောက် တော် တစ်ညအိပ် ရေယာဉ်လိုင်း ဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ခရီးသွားရောက် နိုင်ပြီဖြစ်သည်။
အဆိုပါ ရေနယားရေယာဉ် လိုင်း၏ ဈေးနှုန်းမှာ ကျောက် တော်မြို့မှ ချင်းပြည်နယ် ပလက်ဝ မြို့သို့ ခရီးသွားပြည်သူတစ်ဦးလျှင် ငွေကျပ် ၁၈၀၀ နှုန်းဖြင့်လည်း ကောင်း၊ ကုန်ပစ္စည်းတစ်ပိဿာ လျှင် ကျပ် ၁၈၀ နှုန်းဖြင့်လည်း ကောင်း အခွန်အခများ ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ရေယာဉ် ပေါ်တွင် သံထည်ပစ္စည်း၊ ဘိလပ် မြေ၊ ဆန်နှင့် စက်သုံးဆီများအား တင်ဆောင်ခွင့် မပြုကြောင်း၊ အဆိုပါ ရေကြောင်းလိုင်းမှာ တစ်ပတ်လျှင် တစ်ကြိမ်စီ ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း ရေယာဉ် တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးညီညီကျော်ထံမှ သိရသည်။
အဆိုပါ ရေယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလိုသူများအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ပါက မှတ်ပုံတင်၊ မိမိဌာနမှ ဌာန တာဝန်ရှိသူ၏ ထောက်ခံချက်ကိုတင်ပြရမည်ဖြစ်ကြောင်း၊ ခရီး သွားပြည်သူများ ဖြစ်ပါက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူးများ၏ ထောက်ခံချက် ကို တင်ပြရမည်ဖြစ်ကြောင်းနှင့် ရေနယားရေယာဉ် စတင်မထွက် ခွာမီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များမှ ရေယာဉ်ကို ကြံ့ခိုင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး အဆိုပါရေယာဉ် ပေါ်တွင် ပလက်ဝမြို့နယ်အတွက် အောက်ဆီဂျင်စက်တစ်လုံးပါရှိပြီး ခရီးသွားပြည်သူနှင့် ကုန်ပစ္စည်း များ တင်ဆောင်လျက် ကျောက် တော်မြို့မှ ချင်းပြည်နယ် ပလက်ဝ မြို့သို့ စတင်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း
(ပြန်/ဆက်)