ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

 

နေပြည်တော်  ဩဂုတ်  ၂၅


ဆိုင်ကလုန်းမုန်တိုင်း      မိုခါ တိုက်ခတ်မှုကြောင့်     မုန်တိုင်း ဒဏ်သင့်     ဒေသခံပြည်သူများ နှင့်    ဌာနဆိုင်ရာ    ဝန်ထမ်းများ ၏ စားသောက်ရေးအဆင်ပြေစေ ရန်နှင့်     မိမိတို့    အလိုရှိရာ စားသောက်ကုန်   ပစ္စည်းများကို     ဈေးနှုန်းသက်သာစွာဖြင့်   ဝယ်ယူ စားသောက်နိုင်ရေး    အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက       နေ့စဉ် ရောင်းချပေးလျက်ရှိသည်။


ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊   ဟင်းသီးဟင်းရွက် များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကိုလည်းကောင်း၊ တပ်မတော် စက်ရုံများနှင့်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ   ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ် နှင့်    စည်သွတ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊   ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊   ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊  သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်များကို လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်  အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင် များ၏   စားသောက်ကုန်ပစ္စည်း များ၊      လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကိုလည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသော    ဈေးနှုန်းများ ဖြင့်  ဆက်လက်ရောင်းချပေးရာ ဒေသခံပြည်သူများနှင့်    ဌာန ဆိုင်ရာ  ဝန်ထမ်းမိသားစုများက တစ်ခဲနက်   ဝယ်ယူအားပေးကြ ကြောင်းနှင့်  ယခုကဲ့သို့  စားရေး အခက်အခဲ   ဖြစ်ပေါ်နေချိန်တွင် သက်သာသော  ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူ များအား အထူးပင်ကျေးဇူးတင်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်