ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

 

စစ်တွေ   အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်အတွင်းရှိ  စစ်တွေ မြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိ လာကြောင်း သိရသည်။


ရန်ကုန်မြို့  မင်းဓမ္မလမ်းရှိ  တိုးချဲ့ကာကွယ်ဆေး   သိုလှောင် ခန်းတွင် ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ    ကာကွယ်ဆေး   Sino-pharm  များကို    စံချိန်စံညွှန်း များအတိုင်း     တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များဖြင့်    Cold  Chain  Delivery  Logistics    မော်တော် ယာဉ်ကြီးများဖြင့်   ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် သံတွဲမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm အလုံးအရေအတွက် ၉၀၀၀၀ နှင့် စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sino-pharm    အလုံးအရေအတွက် ၂၇၂၀၀  တို့ကို      တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိ လာရာ မြို့နယ်အလိုက် တာဝန်ရှိ သူများက    လက်ခံရရှိကြောင်း နှင့်  ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ် အသီးသီးနှင့်ချင်းပြည်နယ် ပလက်ဝမြို့တို့သို့    ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း   သိရသည်။


အဆိုပါ ကာကွယ်ဆေးများကို    ဦးတည်အုပ်စုလူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ  ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက်     ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)