
စစ်တွေ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိ ကြောင်း သိရသည်။
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင် ခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စံချိန်စံညွန်းများ အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ် များဖြင့် Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ၂၅၆၁၀၊ Sinovac ၃၀၀၀၀ နှင့် ဆေးထိုးအပ် အချောင်း ၉၁၉၂၆ ခု၊ စစ်တွေမြို့ သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinopharm ၃၆၇၁၈ လုံး၊ Sinovac ၄၃၈၈၆ လုံးနှင့် ချင်း ပြည်နယ် ပလက်ဝမြို့နယ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ၈၀၀၊ Sinovac ၂၀၇၇ လုံးနှင့် ဆေးထိုးအပ် ၈၁၅၄ ခုတို့ကို တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိရာ မြို့နယ် အလိုက် တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့် ရခိုင် ပြည်နယ်အတွင်း အခြားမြို့နယ် အသီးသီးသို့ ဆက်လက်ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး များကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံ ပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)