စစ်တွေ ဇွန် ၂၄
ရခိုင်ပြည်နယ် အထပ်မြင့် အဆောက်အအုံ ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ဇွန် ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် အတွင်းရှိ မြို့များတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှု များသည် ယခင်ကထက် များပြား လာသည်ကို မြင်တွေ့ကြရမည် ဖြစ်ကြောင်း၊ ထိုသို့များပြားလာ ခြင်းမှာ မြို့တိုးတက်လာမှုကို ဖော်ပြခြင်းတစ်မျိုးလည်း ဖြစ်နေ ပါကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်လာကြသည်နှင့်အမျှ ဆောက်လုပ်သည့် အဆောက် အအုံထုထည်ပမာဏ ကြီးမားလာ ခြင်းကြောင့် အဆောက်အအုံများ ၏ ခိုင်ခံ့မှု၊ သဘာဝဘေးအန္တရာယ် ခံနိုင်မှု၊ မြေသားကြံ့ခိုင်မှုနှင့် စနစ် တကျ တည်ဆောက်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ရာတွင် စည်ပင်သာယာရေးအဖွဲ့၏ ဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ် တကျဖြစ်အောင် ကြီးကြပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ မြို့ကြီးများ၏ ဆောင်ရွက်လျက်ရှိသော အချက် အလက်များကို နမူနာရယူ၍ ဒေသနှင့်ကိုက်ညီသည့် အစီအမံ များ ချမှတ်ဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် မြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေး၊ လူနေမှုဘဝ လုံခြုံ စိတ်ချနိုင်ရေးတို့ကို ရည်ရွယ်ကာ အစည်းအဝေးတက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် သယံ ဇာတရေးရာဝန်ကြီး ဦးသန်းထွန်း က ရခိုင်ပြည်နယ်အတွင်း အထပ် မြင့် အဆောက်အအုံများ ဆောက် လုပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်မိုးက (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ ဆက်လက်၍ စစ်တွေ တက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးတိုးဇော်နိုင်မြင့်က ရခိုင်ပြည်နယ်၏ မြေသားခံနိုင်ဝန် စမ်းသပ်ချက်များအကြောင်းကို အကျဉ်းချုပ် ဆွေးနွေးတင်ပြပြီး ဦးကျော်မိုးက ကြီးကြပ်စစ်ဆေး ရေး ပညာရှင်အဖွဲ့ လျာထားမှု၊ နည်းပညာရှင်အဖွဲ့၏ အစီရင်ခံစာ အပေါ် အဆုံးအဖြတ်ပေးမည့် အဖွဲ့လျာထားမှု၊ အဖွဲ့၏လုပ်ငန်း တာဝန်များ၊ အထပ်မြင့်အဆောက် အအုံများ ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များနှင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ် ရာ၌ လိုက်နာရမည့်အချက်များ ကို တက်ရောက်လာကြသူများက အတည်ပြုပေးနိုင်ရန် ရှင်းလင်း တင်ပြသည်။
တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသော ပညာရှင်များက အကြံပြုဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တင်ထွန်း (ပြန်/ဆက်)



