ရိုးရာအမွေ ထိန်းသိမ်းစို့
l အမျိုး၏ဂုဏ် ဇာတိဂုဏ်
မွှေးထုံစေရေး အစဉ်တွေး
ယဉ်ကျေးအမွေ ထိန်းသိမ်းလေ
အခြေမြှင့်ရန် စိတ်ရည်သန်
ဇာတိမာန်ဟေ့ ဇာတိမာန်။
l မြန်မာ့အခြေခံ ဇာတိမာန်
မူမှန်ရှေးရှု ယဉ်ကျေးမှု
အနုပညာ ပွဲတော်မဟာ
ယှဉ်ကာခြိမ့်သဲ တို့ပြိုင်ပွဲ
နွှဲတယ်လေလေ့ နွှဲတယ်လေ့။
l ဆိုကရေးတီး ရှုမငြီး
အံ့ချီးဖွယ်ရာ တို့ပညာ
စဉ်လာသမိုင်း ဂုဏ်မရိုင်း
သမိုင်းမှာကြည့် ထင်ရှားဘိ
ရှိတယ်လေလေ့ ရှိတယ်လေ့။
l ပြည်ထောင်စုသား ညီနောင်များ
အင်အားပြည့်ဝ စွမ်းရည်ပြ
မြန်မာ့အခြေ မြှင့်နိုင်စေ
အမွေအနှစ် မျိုးဂုဏ်စစ်
ချစ်ဖွယ်လေလေ့ ချစ်ဖွယ်လေ့။
l ဆိုကရေးတီး ပြိုင်ပွဲကြီး
ခရီးတာရှည် နွှဲနိုင်စေ
တို့တွေကြိုးပမ်း လက်ဆင့်ကမ်း
ထမ်းဆောင်ရွက်ကာ တို့မြန်မာ
သာတယ်လေလေ့ သာတယ်လေ့။ ။
မောင်လေပြေ (တောင်တွင်း)



