ရိုးရာအားကစားနည်းများ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေး ဆက်လက်လုပ်ဆောင်

အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်ကို ပြုပြင်ပေးခြင်းဖြစ်သဖြင့် 
နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်  

 

နေပြည်တော်   ဒီဇင်ဘာ   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်သည်    ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊   ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန် ရှိသူများလိုက်ပါ၍      ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရှင်းလင်းတင်ပြ


ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားအားကစားရုံ(၁)      သုဝဏ္ဏ   သမိုင်းအကျဉ်း၊    အမျိုးသား အားကစားရုံ(၁)၌ ကျင်းပခဲ့သည့်နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲ များ၊ ပြည်တွင်းအဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ အား အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့မှုအခြေအနေ၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေအနေ များကို power point များ၊ video clip များဖြင့် ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုအားကစားရုံကြီးသည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံး ဆောက်လုပ်ခဲ့သည့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်ပြီး    ယနေ့အထိတိုင်လည်း   အဆင့်မြင့် အားကစားရုံအဖြစ်   ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တည်ဆောက်ပေးခဲ့ပြီး ယနေ့တိုင် ထိန်းသိမ်း ပြုပြင်ရေးနှင့်   အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံကိုလည်း ကျေးဇူး တင်ရှိပါကြောင်းနှင့်      ခေတ်မီအားကစားရုံကြီး ဖြစ်စေရေး စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းနေရမည်ဖြစ်ကြောင်း၊ အားကစားဆောင်ရွက်ခြင်း သည်  မျိုးချစ်စိတ်၊   တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက် စေပြီး   တစ်မျိုးသားလုံး၏  ကျန်းမာကြံ့ခိုင်ရေးကို လည်း  ဖြစ်ပေါ်စေနိုင်သောကြောင့်  အားကစားနှင့် ပတ်သက်ပါက      အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လက်ရှိတွင် မိမိတို့ နိုင်ငံ၏ အားကစားကဏ္ဍ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနိုင် ရေး အခြေခံကျကျ စဉ်းစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အားကစားကဏ္ဍ တိုးတက်ရေးသည် ချက်ချင်းဆောင်ရွက်၍မရဘဲ အဆင့်ဆင့် ပြန်လည် ပြင်ဆင်၍ စနစ်တကျလုပ်ဆောင်သွားရမည်ဖြစ်ကာ နောင်လာမည့်   ဆယ်စုနှစ်တစ်ခုအတွင်း  ဖွံ့ဖြိုး တိုးတက်လာအောင်   ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသည်မှာ  မြန်မာ့အားကစား လုပ်ဆောင်မှုများသည် ကမ္ဘာတစ်ဝန်းကိုလွှမ်းမိုးနေရမည်ဟု   မဆိုလိုဘဲ မြန်မာတို့၏ ရိုးရာအားကစားနည်းများကို ကမ္ဘာက သိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး  ရိုးရာအားကစား နည်းများ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာ အားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့ အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း။


ဖြည့်ဆည်းပေးရမည်


အားကစားသည် လူငယ်ကို အခြေခံသည်ဖြစ် သဖြင့် ကျောင်းများ၊ တက္ကသိုလ်များတွင် အားကစား ပွဲများ    ကျင်းပပေးရန်နှင့်   စာပေသင်ကြားမှု အချိန်ဇယားတွင် အားကစားနှင့် ကာယလှုပ်ရှားမှုကို အချိန်သတ်မှတ်ထည့်သွင်းဆောင်ရွက်ရန်နှင့် အမှန် တကယ်    လုပ်ဆောင်နိုင်စေရေးအတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ် အလိုက်၊  အတန်းအလိုက်  အားကစားပွဲများ၊ မြို့နယ် အဆင့်၊   ခရိုင်အဆင့်၊     တိုင်းဒေသကြီးအဆင့် အားကစားပွဲများမှတစ်ဆင့်   အရည်အချင်းရှိသည့် အားကစားသမားများကို စိစစ်ရွေးချယ်ဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်း။


အားကစားသမားများအတွက်  လေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ပြုလုပ်နိုင်ရန် အဆင့်မီသည့် အားကစားရုံ များ၊ လေ့ကျင့်ရေးကွင်းများ၊ လေ့ကျင့်ရေး အထောက် အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ အားကစားသမားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှု တို့အတွက်လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပြီး အားကစားသမားများ စိစစ်ရွေးချယ်ရာ၌ သက်ဆိုင် ရာ   အားကစားတစ်ခုချင်းအလိုက်   ပင်ကိုအရည် အသွေးကောင်းမွန်မှုအပြင် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ထွားမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကိုလည်း ထည့်သွင်း စိစစ်ရွေးချယ်ကြရန်လိုကြောင်း၊ အားကစားကွင်းများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့်အထိ မိုးလုံလေလုံအားကစား ကွင်း၊ ရေကူးကန်၊ မီတာ ၄၀၀ ပြေးလမ်းပါဘောလုံးကွင်း၊ ပွဲကြည့်စင်တို့ မဖြစ်မနေရှိရမည်ဖြစ်ပြီး အားကစား လုပ်ဆောင်မှုများကို အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ နိုင်ငံ့လက်ရွေးစင် အားကစားသမားများ အနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုရှိရန်၊ စိတ်ပါဝင်စားစွာ ဖြင့် တန်ဖိုးထားဂုဏ်ယူစွာ ယှဉ်ပြိုင်ကစားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊           နိုင်ငံ့လက်ရွေးစင်အားကစားသမားများ၏ ဘဝအာမခံ ချက်ရှိစေရေးအတွက်လည်း လုပ်ဆောင်ပေးရမည် ဖြစ်သည့် ထိုက်သင့်သည့် ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များ ကို  ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အားကစားနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ကိုလည်း   အားကစားကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း။


ကြိုးပမ်းဆောင်ရွက်


အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပြည်သူများ     ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရေး   Public  Sport  Area များ၊ အထောက်အကူပြုပစ္စည်းများကို   ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး အားကစားမှူးများနှင့် ညှိနှိုင်း၍ နေရာဒေသအလိုက် အားကစားပွဲများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်၊ ဒေသအသီးသီးရှိ နိုင်ငံတော်အဆင့် ကစားပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များကိုလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အားကစားမြှင့်တင် ဆောင်ရွက်ပေးခြင်း သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်(Mind Set)ကိုပြုပြင်ပေး ခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အားကစားရုံအတွင်း ပြုပြင်မွမ်းမံထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် သုဝဏ္ဏအားကစားကွင်း တို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်    သုဝဏ္ဏဘောလုံး အားကစားကွင်းသို့ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ   ဦးဇော်ဇော်က   သုဝဏ္ဏဘောလုံး အားကစားကွင်း သမိုင်းအကျဉ်းနှင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ထားရှိမှု၊   လေ့ကျင့်ရေးကွင်းများ   ထပ်မံ တည်ဆောက်ထားရှိမှု၊      မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲ များ လက်ခံကျင်းပခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘောလုံးအားကစားသည်   ကမ္ဘာတွင်ထင်ရှားပြီး ပရိသတ်အများအပြား အားပေး သည့်  အားကစားတစ်ခုဖြစ်သည့်အပြင်  နိုင်ငံ၏ အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူ တွေ့မြင်နိုင်သည်ဖြစ်သဖြင့် အချိန်ယူလေ့ကျင့်ရန် လိုအပ်မည်ဖြစ်ကာ ငယ်စဉ်ကတည်းက ပြုစုပျိုးထောင် ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး    မျိုးဆက်သစ် ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေး ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခု သုဝဏ္ဏ ဘောလုံး အားကစားကွင်းတွင် ဘောလုံးအားကစားတစ်ခုတည်းအတွက်သာမက ပြေးခုန်ပစ်နှင့် အခြား အားကစားနည်းများကိုပါ လေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သဖြင့်     အကျိုးရှိစွာဖြင့် လေ့ကျင့်ဆောင်ရွက်ကြစေလိုကြောင်းနှင့် အခြား လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဘောလုံးအားကစားကွင်းအတွင်းရှိ ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေးခန်းမကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရ သည်။                                              

  သတင်းစဉ်