ရိုးမရိပ်သာနှင့်  အောင်မြင့်မိုရ်အိမ်ရာ ကိုဗစ်စင်တာများတွင် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်   ဇူလိုင်   ၁၂


ရန်ကုန်တိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်  အဖွဲ့ဝင်   ဦးဇော်ဝင်းတို့သည်   ယနေ့ နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ်အိမ်ရာတို့ရှိ ကိုဗစ်စင်တာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
ရှေးဦးစွာ     ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ရိုးမရိပ်သာသို့ ရောက်ရှိ ရာ  အရှေ့ပိုင်းခရိုင်   စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးထွန်းနိုင်ကိုက     တိုင်းဒေသကြီး     စီမံအုပ်ချုပ်ရေး ကောင်စီ၏   အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့်        စင်တာတွင် လူဦးရေ  ၁၆၂၀  အတွက် အိပ်ရာ၊      ခြင်ထောင်၊ ခုတင်နှင့်တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ လူနာများ ထားရှိ မည့်     အခန်းများသို့      အောက်ဆီ ဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင် ပြီးစီးမှုများနှင့်      ဆက်လက် ဆောင်ရွက်နေမှုများကို    လည်း ကောင်း၊ စင်တာကုသရေးတာဝန်ခံ  ဒေါက်တာ     ဒေါ်ခင်သီတာမိုးက ပြင်ဆင်ပြီး      အခန်းများတွင် လူဦးရေ   ၁၂၄၇  ဦး     ထားရှိပြီး  ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုများကိုလည်းကောင်း၊ဒေါက်တာ ဒေါ်ချောသီရိအောင်က      Relief  Flight ဖြင့်   ပြန်လည်ဝင်ရောက် လာမည့်သူများအတွက်  ပြင်ဆင် ထားရှိရာ  ၁၀၈၀ ထားရှိနိုင်ရေး ဆောင်ရွက်ပြီးစီးမှုနှင့်  လက်ရှိ ၃၇၉ ဦးထားရှိ  ကုသဆောင်ရွက် ပေးနေမှုများကို   လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍     ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ် အိမ်ရာသို့   ရောက်ရှိရာ  ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ၂၈၀၀ ထားရှိ နိုင်ရန်    အိပ်ရာ၊   ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်း များ၊    လူနာများ    ထားရှိမည့်
အခန်းများသို့ အောက်ဆီဂျင်ပိုက် လိုင်းသွယ်တန်း  တပ်ဆင်နေမှု များကို       ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ       ဦးထွန်းနိုင်ကိုနှင့်     တာဝန်ရှိသူများက     ရှင်းလင်း တင်ပြကြသည်။
တိုင်းဒေသကြီး  စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌက  လူနာများ အတွက် အောက်ဆီဂျင် လိုအပ်  ချက်များနှင့် စားသောက်ရေးကိစ္စ များ   ဖြည့်ဆည်းဆောင်ရွက်ပေး ရန်  လာရောက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရေး ကြီးကြပ် ရေးအဖွဲ့၊ ကုသရေးအဖွဲ့များကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရန်နှင့် တိုင်းဒေသ ကြီး    စီမံအုပ်ချုပ်ရေးကောင်စီက ပံ့ပိုးဆောင်ရွက်ပေးမည့်     အခြေ အနေများကို ပြောကြားပြီး ရိုးမ ရိပ်သာနှင့် အောင်မြင့်မိုရ်စင်တာ
များမှ တာဝန်ထမ်းဆောင်နေ သူများနှင့် လူမှုရေးအသင်းအဖွဲ့ များမှ      စေတနာ့ဝန်ထမ်းများကို အားပေးစကား    ပြောကြားပြီး    ပြင်ဆင်    ဆောင်ရွက်နေမှုများ ကို  လိုက်လံကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များ မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ် ဖြင့်     ကိုဗစ်ပိုးတွေ့လူနာများ အတွက် စင်တာများတွင် ပြင်ဆင် ထားရှိရာ    လူနာ  ၄၅၀၀ အထိ ထားရှိနိုင်မည်ဖြစ်ပြီး လက်ရှိတွင် လူနာ ၃၀၀၀ ကျော် တက်ရောက် ကုသမှုခံယူနေကြောင်းနှင့် လိုအပ် လာပါက အသင့်အသုံးပြုနိုင်ရန် စင်တာများကို ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)