ဘေးအန္တရာယ်တစ်ခုခုကျရောက်မှုကြောင့် ထိခိုက်မှုဖြစ်ပေါ်လာ သည့်အခါ အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုပေးခြင်း ဖြင့် အသက်မဆုံးရှုံးသင့်ဘဲ  ဆုံးရှုံးရမှုများကို လျော့နည်းစေသည်။ အရေးပေါ်အခြေအနေတစ်ရပ်တွင်   လူနာကိုရှေးဦးသူနာပြုစု နည်းဖြင့် လူနာကို ရှင်သန်စေနိုင်သည့်အခွင့်အလမ်း များစေသည်။ ရှေးဦးသူနာပြုစုခြင်းသည် အရေးပေါ်ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ် ခြင်းနှင့်   အရေးပေါ်ကျန်းမာရေးဆိုင်ရာ  ပြဿနာတစ်ခုခုတို့ ကြုံတွေ့ရသည့်အခါတွင်  ဆေးကုသမှု   မခံယူရသေးမီအချိန် အတွင်း ပိုမိုဆိုးရွားသည့် အခြေအနေသို့  ရောက်ရှိမသွားစေရေး နှင့် အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရေးအတွက် ရှေးဦးစွာ ပြုစုမှုပေးခြင်းဖြစ်သည်။ 
မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် အလားအလာမြင့်မားသော နိုင်ငံများထဲတွင်ပါဝင်ပြီး  ရေကြီး ရေလျှံခြင်း၊ တောင်ပြို မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မီးလောင်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ၊ ယာဉ် မတော်တဆဖြစ်ခြင်း၊  ဓာတ်လိုက်ခြင်း၊  အဆိပ်ရှိသတ္တဝါများ ကိုက်ခြင်း  စသည့်မတော်တဆအန္တရာယ်များ ကြုံတွေ့ရလေ့ရှိ သည့်အလျောက် ရှေးဦးပြုစုခြင်းအတတ်ပညာကို ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်တတ်ကျွမ်းထားကြခြင်း အားဖြင့် အန္တရာယ်နှင့် ကြုံတွေ့လာရသည့်အခါတွင် ရှေးဦးပြုစု ခြင်း အတတ်ပညာဖြင့် ဘေးဒုက္ခကျရောက်မှု လျော့ပါးသက်သာ စေရန် ဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် “တစ်အိမ်တစ်ယောက် ရှေးဦးပြုစုသူရှိစေရန်” ရည်မှန်းချက်ပန်းတိုင်ချမှတ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သင်တန်းများကို  ပို့ချပေးလျက်ရှိသည်။  ရှေးဦးပြုစုခြင်း  အတတ်ပညာကို   ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက်   သင်ကြား ပို့ချပေးခြင်းမှသည် ပြည်သူလူထုသို့ပါ  ဦးတည်၍  သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ တစ်အိမ်လျှင်တစ်ယောက် ရှေးဦးပြုစု အတတ်ပညာ  တတ်မြောက်နိုင်ရေးအတွက် သင်ယူလေ့လာ နိုင်ကြရန်လိုသည်။ လူတိုင်း   ကျွမ်းကျင်တတ်မြောက်ထားအပ် သော  အတတ်ပညာတစ်ခုအနေဖြင့် သင်ယူ၍  ကောင်းစွာလေ့ကျင့် ကာ ရပ်ရွာလူမှုအဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံများ၊ စာသင်ကျောင်း များ စသည်တို့တွင်    အဖွဲ့အစည်းများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းသွားနိုင်ရန်လည်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ 
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရှေးဦးပြုစုခြင်း၊ မိုင်း အန္တရာယ်ကင်းရှင်းရေး၊ လူထုအခြေပြု ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်း ဆိုင်ရာ  အားပေးကူညီခြင်းနှင့်  ရေပြင်သက်ကယ်၊ အိမ်တွင်း မတော်တဆဖြစ်ပွားမှု  ကာကွယ်ရေးနှင့် လမ်းအန္တရာယ် မတော် တဆဖြစ်ပွားမှုကာကွယ်ရေး   စသည့် အန္တရာယ်ကင်းရှင်းရေး သင်တန်းများအပြင်  ဝင်ငွေရ  ရှေးဦးပြုစုခြင်းသင်တန်းများကို လည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။  နိုင်ငံတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်၊ ပဋိပက္ခများ ဖြစ်ပွားချိန်များ၊ နေ့စဉ်ဘဝတွင် ကြုံတွေ့ရလေ့ရှိသည့်  မတော်တဆအရေးပေါ် အခြေအနေများတွင် အကူအညီလိုအပ်နေသူများကို ထိရောက် သော   အကူအညီပေးအပ်နိုင်ရန်နှင့်  အသက်ဘေးအန္တရာယ် မကျရောက်စေရေး      ရှေးဦးပြုစုအတတ်ပညာဖြင့်      ပြုစု  စောင့်ရှောက်ကယ်တင်နိုင်ရန်အတွက် ဘဝတစ်သက်တာ  သင်ယူ နိုင်ပါစေကြောင်း။         ။
      
  Remark Type
              
           
      


