
နေပြည်တော် ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦး မြို့နယ် ပလူဇာဝတိုက်နယ် ဆေးရုံမှ ဘုတလင်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ဆေးဝါးများ သယ် ဆောင်လာသည့် လူနာတင်ယာဉ် နှစ်စီးကို PDF အမည်ခံ အကြမ်း ဖက်သမားများက မိုင်းဆွဲ တိုက်ခိုက်သဖြင့် လူနာတင်ယာဉ် တစ်စီးပျက်စီးကာ ကျန်းမာရေး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အစွန်း ရောက်အယူဝါဒများဖြင့် လုပ်ကြံ သတ်ဖြတ်မှုများကြောင့် ပလူဇာဝ တိုက်နယ်ဆေးရုံကို ယာယီ ရုပ်သိမ်းခဲ့ပြီး အဆိုပါဆေးရုံရှိ ဆေးဝါးများကို ရေဦးမြို့ပြည်သူ့ ဆေးရုံသို့ ဇန်နဝါရီ ၂ ရက်တွင် ကုန်တင်ကားတစ်စီးဖြင့် တင် ဆောင်၍ ကနီ-ကနဲကားလမ်း အတိုင်း ပို့ဆောင်ပေးခဲ့ရာ ရေဦး မြို့နယ် ပြည်သူ့ဆေးရုံမှ ယာဉ်မောင်းများ ဖြစ်ကြသည့် ရေဦးမြို့ အောင်ဆန်းရပ်ကွက် ဆေးရုံ ဝန်ထမ်းအိမ်ရာနေသူများ ဖြစ်သည့် ဦးလှိုင်ဝင်းယု(၄၄)နှစ် (ဘ)ဦးအာယုနှင့် ဦးပြည့်စုံမောင် (၂၂) နှစ် (ဘ) ဦးကံဝင်းမောင်၊ ဆေးရုံလုပ်သားများ ဖြစ်သည့် ဦးပေါရှမ်းမှောင်(၃၉)နှစ် (ဘ)ဦးထန်ဇာတွဲ၊ ဦးဖြိုးဝေဇော်(၂၅)နှစ်(ဘ)ဦးဇော်ထွန်းဦးတို့ လေးဦး သည် ဆေးရုံပိုင် လူနာတင်ယာဉ် နှစ်စီးဖြင့် ဘုတလင်မြို့နယ် လွဲတဲ ကျေးရွာ “မင်းကျော်အောင်” ဆီဆိုင်အနီး၌ ည ၆ နာရီ ၅ မိနစ် တွင် သွားရောက်လွှဲပြောင်း တင်ဆောင်၍ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ထွက်ခွာလာ စဉ် ည ၆ နာရီ ၂၅ မိနစ်တွင် ဘုတလင်မြို့နယ် မြောက်ကျီ ကျေးရွာကျော် အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ က လမ်းဘေးမှ လက်လုပ်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် ဦးလှိုင်ဝင်းယု မောင်းနှင် လာသည့် SGG 3K-4613 နံပါတ်ပါ လူနာတင်ယာဉ်၏ ယာဘက်ခြမ်း ရှေ့/နောက် ကားဘီးများထိမှန် ပျက်စီးခဲ့ပြီး(အောက်ဝဲပုံ) အဆိုပါ ယာဉ်ပေါ်ပါ ဦးလှိုင်ဝင်းယု၏ နှာခေါင်းရိုးနှင့် ယာပါးတွင်လည်း ကောင်း၊ ဦးပေါရှမ်းမှောင်၏ ယာ လက်ဖျံ၊ ဦးခေါင်း နောက်စေ့နှင့် ဝဲရင်အုံတို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ပျက်စီးသွားသည့် လူနာတင်ယာဉ် အား အဆိုပါနေရာ၌ ထားရစ်ခဲ့ ကာ ၎င်း၏အနောက်မှ လိုက်ပါ လာသည့် ဦးပြည့်စုံမောင် မောင်းနှင် သည့် လူနာတင်ယာဉ်ဖြင့် ဘုတလင် မြို့ပြည်သူ့ဆေးရုံသို့ သွားရောက် ကာ ဆေးကုသမှုခံယူခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက် သမားများ၏ မိုင်းဆွဲတိုက်ခိုက်ခဲ့ မှုကြောင့် ပျက်စီးကာ ကျန်ရှိခဲ့ သည့် ဆေးဝါးများ တင်ဆောင် ထားသည့် လူနာတင်ယာဉ် ပြန်လည်ပြင်ဆင်သယ်ဆောင်နိုင် ရေးနှင့် အကြမ်းဖက်သမားများ ကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်