
ရေဦး ဩဂုတ် ၂၉
ကလေးငယ်များ အရောင်မှန်ကန် စွာ ရွေးချယ်တတ်စေရန်၊ အများ နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် ရည်ရွယ်ပြီး စစ်ကိုင်း တိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့ ပူးပေါင်းပြီး ဩဂုတ် ၂၈ ရက်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ သည်။
ဦးစွာ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်း သင်းခိုင်က အမှာစကားပြောကြား ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက် နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆေးရောင်ခြယ် ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန်းသန်း(ရေဦး)