ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နေပြည်တော်  ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက် မိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

 

နေပြည်တော် ဩဂုတ် ၂၂
နိုင်ငံတော်    ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ် စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့်         ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင်    အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက်     ဝန်ထမ်း မိသားစုများက  အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို   ပေးပို့ လှူဒါန်းလျက်ရှိသည်။
ပေးပို့လှူဒါန်းနိုင်ရေး       ပြင်ဆင်ဆောင်ရွက်
ထိုသို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြ သည့် ရှေ့တန်း ရောက်တပ်မတော် သားများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ယနေ့တွင် နေပြည် တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်ဖြူရှင် ရပ်ကွက်မိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့်    ဆင်ဖြူရှင် ရပ်ကွက်ရှိ   ဓမ္မရက္ခိတဓမ္မာရုံ၌ စားသောက်ဖွယ်ရာများ   စုပေါင်း ချက်ပြုတ်    ကြော်လှော်ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး       ပြင်ဆင် ဆောင်ရွက်ကြသည်။
ငါးပိကြော်၊ ငါးခြောက်ကြော်နှင့်
အသင့်စား ခေါက်ဆွဲခြောက်
ထုပ်များ ပေးပို့လှူဒါန်းသွားမည်
ဆင်ဖြူရှင်ရပ်ကွက် မိသားစု များက         ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ငါးပိကြော်၊ ငါးခြောက်ကြော်၊     အသားတု   ကြော်၊      အသင့်စားခေါက်ဆွဲ ခြောက်ထုပ်များနှင့် ဆေးပေါ့လိပ် များကို    ပေးပို့လှူဒါန်းသွားမည် ဖြစ်သည်။
ရှေ့တန်းရောက် တပ်မတော်သားများ လက်ဝယ် အရောက်ပို့ဆောင်ပေးမည်
အဆိုပါ စားသောက်ဖွယ်ရာ များကို   တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊    မော်တော် ယာဉ်များဖြင့်      ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏       လက်ဝယ် အရောက်  ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။သတင်းစဉ်