ရေတိုက်စားမှုကြောင့် လမ်းတစ်ခြမ်းနိမ့်ကျသွားသော ကားလမ်းမကြီးကို အမြန်ဆုံးပြုပြင်လျက်ရှိ

မော်လမြိုင်ကျွန်း  ဇွန် ၁၉    


ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် မော်ကျွန်း-ရန်ကုန် ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၄၄/၁ နှင့် ၄၄/၂ အကြားတွင် ဇွန်   ၁၈   ရက်     နံနက်ပိုင်းက   ရေတိုက်စားမူကြောင့်   လမ်း၏ ယာဘက်ခြမ်း ပေ ၅၀ ခန့် နိမ့်ကျသွားသည်။

 


ရေတိုက်စားမှုကြောင့်         လမ်းနိမ့်ကျသွားသောနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရူစစ်ဆေးမှုများပြုလုပ်ပြီး  ပြည်သူများ သွားလာမှုအဆင်ပြေစေ ရေးနှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာမှု  မဖြစ် ပေါ်စေရေးအတွက်    လူအား၊ စက်အားဖြင့်   ပြုပြင်မှုများ   အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊    လမ်းနိမ့်ကျသွားသောနေရာတွင် သစ်သားတိုင်များစိုက်၍ ကျောက်တုံးကြီးများ၊ သဲအိတ်များ အသုံးပြု ကာ  ထပ်မံပျက်စီးမှုများ မဖြစ်ပေါ်စေရန်လည်း    ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                                             

မောင်ယဉ်ဦး