ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယာယီရပ်နားထားသော ဓာတ်လှေကားများ ပြန်လည်ဖွင့်လှစ်

ရန်ကုန်  အောက်တိုဘာ   ၄


ရန်ကုန်မြို့ရှိ      ရွှေတိဂုံစေတီတော် မြတ်ကြီး၌      ယခင်ယာယီရပ်နားထား သော  ဓာတ်လှေကားများကို   ယခုအခါ ဘုရားဖူးပြည်သူများ   အဆင်ပြေစေရန် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်မှစတင် ကာ စောင်းတန်းများရှိ ဓာတ်လှေကားများ ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှ သိရသည်။ 


လူတန်းစားမရွေး


“ ဓာတ်လှေကားတွေ     ပြန်လည် ဖွင့်လှစ်လိုက်တာ စက်တင်ဘာ ၃ ရက် ကစပြီး  ဖွင့်လှစ်ခဲ့တာပါ။    ဘုရားစတင် ဖွင့်လှစ်ချိန် နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပါပဲ။ အဓိကတော့ ဘုရားဖူးလာ တဲ့ ရဟန်းသံဃာတွေ၊  သက်ကြီးဘိုးဘွား တွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေလောက် သာ အရင်ကတော့  ခွင့်ပြုခဲ့တာ။   အခု အောက်တိုဘာ ၃ ရက် နံနက်ပိုင်းကစပြီး လူတန်းစားမရွေး     ဓာတ်လှေကားနဲ့ တက်ရောက်ဖူးမြော်ခွင့်ပြုလိုက်တာပါ” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


ရွှေတိဂုံ       စေတီတော်မြတ်ကြီးကို   ကိုဗစ်-၁၉ ရောဂါ     အခြေအနေများကြောင့် ပြည်သူများအကြား ရောဂါပျံ့နှံ့မှုမရှိစေရန် ယာယီပိတ်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းမှစတင်ကာ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး      စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ     ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း     ရဟန်းသံဃာ၊ သက်ကြီးဘိုးဘွားများနှင့်   ကျန်းမာရေး ချို့တဲ့သူများကိုသာ  ဓာတ်လှေကားဖြင့် ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့သည်။ 


တက်ရောက်ဖူးမြော်ခွင့်ပြု


ယခုအခါ  ရွှေတိဂုံစေတီတော်မြတ် ကြီးတွင် ပြည်သူအများ  အကန့်အသတ် မရှိ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ နှင့်အညီ နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ   နေ့စဉ်ဖူးမြော်ခွင့်ပြုလိုက်ပြီဖြစ် သည်။    ယင်းသို့ ဓာတ်လှေကားဖြင့်  တက်ရောက်ဖူးမြော်ခွင့်ပြုရာတွင်  အရှေ့ ဘက်စောင်းတန်းမှ       လည်းကောင်း၊ တောင်ဘက်စောင်းတန်း မှလည်းကောင်း၊ မြောက်ဘက်စောင်းတန်းမှ လည်းကောင်း   ဓာတ်လှေကားများ ဖွင့်လှစ်ပေးထားသော် လည်း   အနောက်ဘက် စောင်းတန်းမှ ဓာတ်လှေကားကိုမူ လတ်တလော ယာယီ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ 


သတင်း- မြင့်မိုရ် 
 ဓာတ်ပုံ- မင်းထက်