ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရားစေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆ 


COVID-19 ရောဂါ   ဖြစ်ပေါ်မှု အခြေအနေများကြောင့်     ဗုဒ္ဓ ဘာသာ  ဘုရားစေတီများ  အပါ အဝင် သက်ဆိုင်ရာဘာသာများ အလိုက် ဘာသာရေးကျောင်းများ အား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီ      ရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိတ်အေးချမ်းသာစွာ  ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ  ၈ ရက်မှ  စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ 


ထိုသို့      ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ      စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ      မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊    နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးတို့ အပါအဝင် ပြည်နယ် နှင့်   တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူး လာ  သံဃာတော်များ၊  သာသနာ နွယ်ဝင်   သီလရှင်များနှင့်     မိဘ ပြည်သူများသည်  COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို       ကုသိုလ်ယူ လျက်ရှိကြသည်။ 


ထို့ပြင်           နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန် ဘာသာရေးကျောင်း များနှင့် ဟိန္ဒူဘာသာရေးကျောင်း များကိုလည်း      သက်ဆိုင်ရာ ဘာသာများအလိုက်        အများ         ပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေး အတွက်  COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ် ထားရှိရာ သက်ဆိုင်ရာဘာသာဝင် များက စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ   စိတ်အေးချမ်းသာစွာ လာရောက် ဝတ်ပြုလျက်ရှိ က​ြောင်း သတင်းရရှိသည်။ 


သတင်းစဉ်