
ရွှေတောင် မေ ၁၆
ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု တောင်သူ ဦးလင်းလင်း၏ နွေစပါး စိုက်လယ်မြေတွင် ယမန်နေ့က (နွေစပါး) ဗီယက်နမ်စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါး စံကွက် ရိတ်သိမ်းခဲ့သည်။
အဆိုပါနွေစပါးစိုက်ခင်း စပါး ခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း ချိန်တွယ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စပါးတစ်ဧက အထွက်နှုန်း အစိုတင်း ၁၇၀ ဒသမ ၆၅ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။
နွေစပါးစံကွက် ရိတ်သိမ်းရာ သို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသိန်းအောင်နှင့် အဖွဲ့ဝင် များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာ များ၊ ရွှေတောင်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုး ရေးမွေးမြူရေး ကြီးကြပ်မှု ကော်မတီပါ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီး မှူးနှင့် ဝန်ထမ်းများ၊ မြေစာရင်း ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အိုးထိမ်းကုန်း ကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာ အုပ်စု၊ မီးလောင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ် ရေးမှူးများနှင့် တောင်သူများက ကြည့်ရှုအားပေးကြသည်။
ရွှေတောင်မြို့နယ် အနေဖြင့် ယခုနှစ် နွေစပါးလျာထားဧက ၁၉၂၇ တွင် စိုက်ဧက ၂၅၇၉ စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧက ထက် ၆၅၂ ဧကကျော်လွန် စိုက်ပျိုး နိုင်ခဲ့ရာ ဗီယက်နမ်စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးများ စိုက်ပျိုး ကြသည်။ မြို့နယ်အတွင်း နွေစပါး စိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ကောင်းမွန်စေရန် အတွက် စိုက်ပျိုးရေးဦးစီးဌာန မှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်ပျိုးရေး နည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ကိုကိုမင်း(ပြန်/ဆက်)