
ရွှေတောင် ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး (အနောက် ခြမ်း) မြန်မာဘော်လီဘော လူမှု ရေးအသင်း အမှုဆောင်ဖလား အသက် ၂၅ နှစ်အောက်နှင့် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုး သမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ရွှေတောင်မြို့နယ် အားကစား ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးနေမျိုး လွင်၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံ ဝင်းအောင်၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများသည် အသက် ၂၅ နှစ်အောက်အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေတောင်(ခ)အသင်းနှင့် သကြား စက် အသင်းတို့ ယှဉ်ပြိုင်ကစားမှု ကို လည်းကောင်း၊ အသက် ၁၈ နှစ်အောက် အမျိုးသားဘော်လီ ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေတောင် (က) အသင်းနှင့် ပေါက်ခေါင်း (ခ) အသင်းတို့၏ ယှဉ်ပြိုင်မှုကို လည်းကောင်း၊ အသက်၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ပေါက်ခေါင်းမြို့နယ်အသင်း နှင့် မင်းလှမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ရွှေတောင် (ခ)အသင်း၊ အသက် ၁၈ နှစ် အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပေါက်ခေါင်း(ခ)အသင်းနှင့် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပေါက်ခေါင်းမြို့နယ် အသင်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
မြို့နယ်ပြန်/ဆက်)