
နေပြည်တော် ဩဂုတ် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
၂၆ -၈ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်အတွဲ (၅၅)၊ အမှတ် (၃၄) တွင် ဘုရင်ကြီးအပေါ်ထားရှိသည့် စေတနာ မှန်ကန်မှုကြောင့် ဘုရင်ကြီး၏ လေးလေး စားစား ဆက်ဆံခြင်းကိုခံရသော ဘုရင့်အကြံ ပေးကြက်တူရွေးအကြောင်း ရေးဖွဲ့ထားသည့် “ပညာရှိ ကြက်တူရွေး” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်ကြီး ၃ ခု အကြောင်းကို ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်ဥယျာဉ်များ” သုတဆောင်းပါး ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ မိခင်တိုင်းက သူတို့၏သားသမီးများအပေါ် အသက်နှင့် ထပ်တူ ချစ်ခင်ကြသည့်အကြောင်း သရုပ်ဖော် ထားသည့် “အသက်နှင့် ထပ်တူ” နှစ်မျက်နှာ ကာတွန်း၊ မိမိအပေါ် တစ်ပါးသူ၏ ပြုဖူး သော ကျေးဇူးကို မေ့လျော့ကာ စိတ်ထား ကောက်ကျစ်ခဲ့မှုကြောင့် အသက်ပါ ဆုံးရှုံးခဲ့ ရသော ကျီးကန်းတစ်ကောင်၏ အကြောင်းကို ရေးဖွဲ့ထားသည့် “ကျီးကန်းနဲ့ ပင်လယ်စာ” ပုံပြင်ကဏ္ဍ၊ ကျောင်းစာတွင်သာမက ဗဟု သုတပါ ပြည့်စုံသည့် ရွှေယုအကြောင်း တင်ဆက်ထားသည့် “ရွှေယုပါဝင်တဲ့ စာဖတ် ပါ” တစ်မျက်နှာကာတွန်း၊ အသိပညာ၊ အတတ်ပညာနှင့် ဘဝတိုးတက်ရေးပညာများ ကို သင်ကြားပေးနေသည့် ဆရာ ဆရာမတို့ ၏ ဆုံးမစကားများကို လေးစားလိုက်နာကာ တန်ဖိုးထားတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ ထားသည့် ဆရာမင်းနီခိုင် (မောင်တော) ၏ “ဆရာ့စကား” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်စကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရ သည်။
သတင်းစဉ်