
နေပြည်တော် မတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး က အပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက် ရှိသည်။
၁၁ -၃ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ်(၁၀)တွင် တန်ဖိုးကြီး ပစ္စည်းများထက် မေတ္တာကိုသာ လိုအပ် သည်ဆိုသော ပုပုအကြောင်း တင်ဆက် ထားသည့် “ပုပုပါဝင်သည့် မေတ္တာ” မျက်နှာဖုံးကာတွန်း၊ လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေ သည့် ဘီးတပ်ယာဉ်များ၏ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့မှုများ အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှု နိုင်မည့် “ဘီးတပ်ရွေ့လျားယာဉ်များကို စတင်တီထွင်ခြင်း” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ သဘာဝတရားကြီးက အပင်များကို သူ့အပင်နှင့်သူ့အသီး လိုက်လျော ညီထွေဖြစ်စေရန် ဖန်တီးပေးထားခြင်း ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “တော်ပါ သေးရဲ့ဗျာ” နှစ်မျက်နှာကာတွန်း၊ သူဆင်းရဲမသည် သူ၏ ပညာသားပါပါ လျှောက်တင်စကားများကြောင့် သူ၏ ခင်ပွန်း၊ သားနှင့် မောင်သုံးဦး စလုံးကို ဘုရင်ကြီးထံမှ ပြန်ရယူနိုင်ခဲ့သည့်အပြင် ဆုတော်ငွေများကိုပါ ချီးမြှင့်ခံခဲ့ရ ကြောင်း တင်ဆက်ထားသည့် “ဉာဏ် ကောင်းသည့် ကျေးတောသူ” ပုံပြင် ကဏ္ဍ၊ ကိုယ်လက်ကြံ့ခိုင်ကျန်းမာစေရန် ဘောလုံးကစားရာမှ ဘောလုံးထိမှန် ခံရသော ပေတိုးအကြောင်း ဟာသ ဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ပေတိုး၊ ဖိုးတုတ်-ကျန်းမာရေး” နှစ်မျက်နှာ ကာတွန်း၊ ကမ္ဘာမြေကြီး အမြဲစိမ်းလန်း သာယာနေစေရန် ပန်းမန်သစ်ပင်များကို စိုက်ပျိုးတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ ထားသည့် ဆရာမြစိုးသန်း (ရွှေပြည် သာ)၏ “ထိန်းသိမ်းကြစို့” ကဗျာကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေး စကားဝိုင်းကဏ္ဍ၊ စုံလင်စွာဖြင့် ထွက်ရှိ ပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရ သည်။
သတင်းစဉ်