
နေပြည်တော် မတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၄ -၃ - ၂ဝ၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၉) တွင် မိမိတို့၏ မှားယွင်းသောလုပ်ဆောင်ချက်များကို သတိမပြုမိဘဲ သူတစ်ပါးကိုသာ အပြစ်မြင် တတ်သော သားသမီးများကို ဆုံးမသည့်အကြောင်း အရာများကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထား သည့် “မေတ္တာရေစင်” မျက်နှာဖုံးကာတွန်း၊ ရေတံခွန်များအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ရေတံခွန်များ” သုတ ဆောင်းပါးကဏ္ဍ၊ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းမပြုဘဲ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကူညီလုပ်ဆောင်ပေးခြင်းဖြင့် ရယူသင့်ကြောင်း အတုယူဖွယ် တင်ဆက်ထားသည့် “ချက်စူရဲ့ စားမယ်ဝါးမယ်” နှစ်မျက်နှာကာတွန်း၊ မိသားစု အချင်းချင်း တစ်ဦးမကြိုက်သည့်အရာကို တစ်ဦး က မပြုမူဘဲ သင့်မြတ်စွာနေထိုင်သင့်ကြောင်း အတုယူဖွယ် တင်ဆက်ထားသည့် “ချမ်းမြေ့ကြ ပါစေ” ဝတ္ထုကဏ္ဍ၊ သူတစ်ပါးက စေတနာထားကာ ပြောဆိုသည့်စကားကို အလေးထား နေထိုင် ဆောင်ရွက်သင့်ကြောင်းနှင့် အကြောင်းအရာကိစ္စ တစ်ခုခု ကြုံတွေ့လာပါက ဉာဏ်ပညာဖြင့် ဖြေရှင်း ဆောင်ရွက်သင့်ကြောင်းကို အတုယူဖွယ်တင်ဆက် ထားသည့် “လယ်သမား၏ဉာဏ်စွမ်း ” ပုံပြင်ကဏ္ဍ၊ တစ်တောတည်းအတူနေ တိရစ္ဆာန် အချင်းချင်း တစ်ကောင်နှင့်တစ်ကောင် ကူညီရိုင်းပင်းကာ နေထိုင်သင့်ကြောင်း တင်ဆက်ထားသည့် “ကယ်တင်ခြင်း” နှစ်မျက်နှာကာတွန်း၊ ကိုရွှေရိုးနှင့် ကိုစောဟန်တို့နှစ်ယောက် မုန့်ဟင်းခါးစားပစ်၍ လမ်းစရိတ်ကုန်ကာ ဘတ်စ်ကားပေါ်တွင် အရှက်ရ ခဲ့ပုံကို တင်ဆက်ထားသည့် “ရွှေရိုးနှင့် မုန့်ဟင်းခါး” နှစ်မျက်နှာကာတွန်း၊ Relative Pronoun နှင့် ဆက်သွယ်ထားသည့် ဝါကျများအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိ ပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေ ဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်