
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၅ -၂ - ၂ဝ၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၈) တွင် နယ်ချဲ့ အင်္ဂလိပ်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်ခဲ့သော နာမည် သုံးမျိုးဖြင့် ကျော်ကြားခဲ့သည့် မြန်မာ့မျိုးချစ် သူရဲကောင်းအကြောင်း တင်ဆက်ထားသည့် “သုံးမည်ရ မြန်မာ့မျိုးချစ် သူရဲကောင်း” မျက်နှာဖုံး ကာတွန်းဇာတ်လမ်း၊ ဂိမ်းကစားသဖြင့် မှတ်ဉာဏ် နည်းသွားသည့် ကီးကီနှင့် ဂျိုးဂျိုးအကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာ ကာတွန်း၊ ဆရာမက ဗဟုသုတဆိုင်ရာ မေးခွန်းများ မေးသည်ကို ရွှေဖဲက ဟာသလုပ်၍ ပြန်ဖြေထားသည့် အကြောင်း တင်ဆက်ထားသော “ရွှေဖဲ” တစ်မျက်နှာကာတွန်း၊ ကလေးတွေဆီမှ မုန့်ကို အနိုင်ကျင့်ယူတတ်သော ရုပ်ဆိုးကို ပညာပေး လိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ဖြိုးရဲ-အနိုင်မကျင့်ပါနဲ့” နှစ်မျက်နှာကာတွန်း၊ လူတို့၏ လောဘ၊ ဒေါသများသည် အန္တရာယ်ဖြစ်စေသည့် အတွက် ရွှေဝါချောင်းစောင့်နတ်က ရွှေများကို ဖျောက်ဖျက်လိုက်သည့်အကြောင်း တင်ဆက်ထား သည့် “လောဘ၏ သားကောင်များ” နှစ်မျက်နှာ ကာတွန်း၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေး၊ လောင်းကစား မလုပ်ဘဲ ပညာရေးကို အလေးထားပြီး ရိုးသားကြိုးစား သည့် မောင်လူလေးအကြောင်း ရေးဖွဲ့ထားသည့် “မောင်လူလေးသို့ပေးစာ” ကဗျာကဏ္ဍ၊ သူငယ်ချင်းကို စေတနာဖြင့် ဒူးရင်းသီး လက်ဆောင်ပေးသည်ကို ခွဲပြီးမပေးသည့်အတွက် အပြစ်တင်သည့်အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်း၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍ အပါအဝင် ကဏ္ဍ စုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄ဝဝ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်