ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
၁၈ -၂ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၇) တွင် ကိုယ်ပြုသောကံအတိုင်း ကိုယ်ခံစားရမည် ဆိုသော ဗာရာဏသီ ပြည့်ရှင်မင်းကြီး၏ သမီးငယ်အကြောင်း သရုပ် ဖော်ထားသည့် “ကံစီမံရာ” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာဦးအစ ရှေးခေတ် လူသားတို့၏ မီးကိုစတင်တီထွင် အသုံးပြုခဲ့ပုံအကြောင်းနှင့် နောက်ပိုင်း တွင် မီးကိုအကျိုးရှိစွာ  အသုံးချတတ်ခဲ့ပုံအကြောင်း    ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့်   “မီးကိုစတင်တီထွင်ခြင်း”    သုတဆောင်းပါး၊ စားစရာမုန့်ဖြစ်နေသောကြောင့်  သူငယ်ချင်းများကို မကြွားတော့ဘူး ဆိုသော ရွှေယုအကြောင်း သရုပ်ဖော်ထားသည့် “ရွှေယု” မျက်နှာဝက် ကာတွန်း၊ ကျားဆရာ ကြောင်ဖြစ်သည်ကို ကျားကြီးငနက် သဘောပေါက် သွားလောက်ပြီ ဖြစ်ကြောင်းသရုပ်ဖော်ထားသည့် “ကြောင်ကလေးရွှေဝါ- ကျားဆရာ” နှစ်မျက်နှာကာတွန်း၊ ခရုဘုရင်နှင့်ရွှေယုန်တို့ အပြေးပြိုင် ကြရာ ဉာဏ်ကောင်းလှသည်ဆိုသော ရွှေယုန်သည် အရှုံးကြီးရှုံးခဲ့ရပုံ အကြောင်း ရေးဖွဲ့ထားသည့် “ခရုဘုရင်နဲ့ ရွှေယုန်” ပုံပြင်ကဏ္ဍ၊ မျက်စိ အမြင် အားကောင်းစေချင်လျှင် မုန်လာဥကို စားရသည်ဆိုသော ရွှေဖဲ အကြောင်း သရုပ်ဖော်ထားသည့် “ရွှေဖဲ” တစ်မျက်နှာ ဟာသကာတွန်း၊ ရွှေသွေးမောင်မယ်တို့အနေဖြင့် စိတ်နေစိတ်ထား မှန်ကန်ပြီး ရိုးသား ဖြူစင်စွာ အချင်းချင်း ရိုင်းပင်းကူညီကာ နေထိုင်တတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့်   ဆရာသိဒ္ဓိမောင်ဒွေး၏  “ အိမ်၌ ယဉ်ကျေးခြင်း” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေ ဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်