ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  စက်တင်ဘာ ၁၆


ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ် ရေးနှင့်   ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ် ဝေဖြန့်ချိလျက်ရှိသည်။

 


၁၇-၉-၂၀၂၂ (စနေနေ့) တွင် ထွက်ရှိမည့်     ရွှေသွေးဂျာနယ်  အတွဲ  (၅၄)၊    အမှတ်  (၃၈) တွင် ပေါက်ဖတ်ဘဝမှ  လှပသောလိပ်ပြာ လေး၏ဘဝသို့    ရောက်ရှိလာရန် ကြားကာလ၌  ပုံစံအမျိုးမျိုး၊ အခက် အခဲအမျိုးမျိုးကို  ကျော်ဖြတ်လာခဲ့ ရသော ဘော်ဘော်  အကြောင်းကို သရုပ်ဖော်     တင်ဆက်ထားသည့်  “ကိုယ်ထူးကိုယ်ချွန် လိပ်ပြာမွန်” မျက်နှာဖုံးဇာတ်လမ်း၊ ခေတ်အဆက် ဆက်ပြောင်းလဲအသုံးပြုခဲ့သော ယပ်တောင်အကြောင်းကို ဗဟုသုတ ရဖွယ်တင်ဆက်ထားသည့် “ခေတ် အဆက်ဆက် ယပ်တောင်အမျိုးမျိုး” သုတဆောင်းပါး၊    သစ်စေ့ခွဲရာ၌ သူတစ်ပါးကို    ဝေမျှမကျွေးချင်၍ မိမိဘာသာခွဲရာမှ  သစ်စေ့ရေထဲသို့ ကျသွားသဖြင့် မစားလိုက်ရသော စာကလေးဖိုးထွေး   အကြောင်းကို တင်ဆက်ထားသည့် “စာကလေး ဖိုးထွေး” နှစ်မျက်နှာကာတွန်း၊ အလုပ်တစ်ခုကို  လုပ်ဆောင်ရာ၌ ဇွဲရှိရှိဖြင့်     ကြိုးစားလုပ်ကိုင်ပါက အောင်မြင်မှု      ရရှိနိုင်ကြောင်းကို တင်ဆက်ထားသည့် “ ကြိုးစားမှု ၏ ရလဒ်အဖြစ်” ဝတ္ထု၊ မိခင်အား အသိမပေးဘဲ    မိမိစိတ်ကူးဖြင့် ဆောင်ရွက်တတ်သော     မိချော အကြောင်းကို တင်ဆက်ထားသည့် “မိချော- တစ်ဇွန်းတည်းပါမေမေ” တစ်မျက်နှာကာတွန်း၊  သူတစ်ပါး ၏ ကျေးဇူးကို   စောင့်သိကာ  မိဘ နှစ်ပါးအပါအဝင် ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ်လိုသော  မောင်ချိုနှင့် မိဘပစ္စည်းကို  သုံးဖြုန်းကာ အပျော် အပါးကိုသာ  ဦးစားပေးတတ်သော မောင်အိုတို့    သူငယ်ချင်းနှစ်ဦး အကြောင်းကို    ရေးဖွဲ့ထားသည့် “တန်ဖိုး” ပုံပြင်၊ မိဘဘိုးဘွားများ ၏ အလိုလိုက်ထားမှုကို ခံရသည့် ရွှေပိုးနှင့်   ဧည့်သည်များရှေ့တွင် ရွှေပိုး၏   အပြုအမူကြောင့်  အဘိုး အဘွားများ      အခက်တွေ့ရပုံကို တင်ဆက်ထားသည့် “ရွှေပိုး-ချန် ထားဦး”    နှစ်မျက်နှာကာတွန်း၊ ကျောင်းသူ  ကျောင်းသားများအနေ ဖြင့်    ကျောင်းနေစဉ်ကာလတွင် လူတော်လူကောင်းအဖြစ် ကြိုးစား သင့်ပုံအကြောင်းကို တင်ဆက်ထား သည့်    “လူတော်ဖြစ်ချင်သလား” နှစ်မျက်နှာကာတွန်း၊ ကလေးမီးဖွား ခြင်းနှင့်ပတ်သက်၍ အပြန်အလှန် ပြောဆိုကြပုံ၊ သတင်းမေးပုံများနှင့် ၎င်းတို့ကို    အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ    ပြောဆိုပုံများကို လေ့လာနိုင်ရန်  ဥပမာဝါကျများနှင့် တကွ  တင်ဆင်ထားသည့် ဆရာ KML ၏     “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာ    သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍ တို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ     တစ်စောင် လျှင်   ငွေကျပ်  ၄၀၀ ဖြင့်   စာပေ ဗိမာန်စာအုပ်    အရောင်းဆိုင်များ တွင်     ဝယ်ယူနိုင်ကြောင်း   သိရ သည်။


သတင်းစဉ်