
နေပြည်တော် ဩဂုတ် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၀-၈-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၄) တွင် ၁၉၄၇ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည့် (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် စာပေဗိမာန် သမိုင်းကြောင်းနှင့် စာပေဗိမာန်သည် ပြည်သူ များအတွက် အသိဉာဏ်ပညာကို လင်းဖြာ အောင် ဆောင်ရွက်ပေးနေပုံတို့ကို တင်ဆက် ထားသည့် “(၇၅) နှစ်ပြည့် စိန်ရတုစာပေ ဗိမာန်” မျက်နှာဖုံးဇာတ်လမ်း၊ လူသုံးကုန် ပစ္စည်းတစ်မျိုးဖြစ်သည့် စက္ကူ၏ အရေးပါပုံ၊ အသုံးဝင်ပုံနှင့် ပြုလုပ်ပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စက္ကူ” သုတဆောင်းပါး၊ ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်သင့်ပုံနှင့် သင့်တင့်မျှတသော အစားအစာများကို စားသုံး သင့်ကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ အစ်ကိုဖြစ်သူက ညီမ လေးကို ညှာတာသည့်အနေဖြင့် ပဟေဠိဖွက်၍ အစားအစာများ ပိုကျွေးသည်ကို တင်ဆက် ထားသည့် “လူလည်ကျတာ မဟုတ်ရပါ” နှစ်မျက်နှာကာတွန်း၊ ကြွက်လေးသည် သူ၏ အမှားကို သိရှိပြီး မာနထောင်လွှားခြင်း မပြု တော့ဘဲ မြင်းနှင့် မိတ်ဆွေဖွဲ့ကာ အတူတကွ ချစ်ခင်စွာ နေထိုင်သည့်အကြောင်းကို တင်ဆက်ထားသည့် “မာနဆိုတာ” နှစ်မျက်နှာ ကာတွန်း၊ သူငယ်ချင်းနှင့်အတူ ရွှေသွေး စာစောင်ဖတ်ချင်သည့်အကြောင်းကို တင်ဆက် ထားသည့် “ဖိုးဇော်” မျက်နှာဝက်ကာတွန်း၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍ၊ ပုံပြင်ကဏ္ဍနှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်