ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဇွန်   ၂၃


ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့်  ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို  ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၅-၆-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊   အမှတ်(၂၆)၌ တယ်လီ ဖုန်းကို အကျိုးရှိရှိ  အသုံးချတတ်ပါက  အင်မတန် အသုံးဝင်ပုံအကြောင်းကို   လက်တွေ့သက်သေပြ လိုက်နိုင်သော  ပေါက်ကျော်တို့ သူငယ်ချင်းတစ်စု အကြောင်း တင်ဆက်ထားသည့်  “ဖုန်း၏တန်ဖိုး”    မျက်နှာဖုံးကာတွန်း၊ အန္တရာယ်ရှိသော အသားပိုအကျိတ် နှင့်   အန္တရာယ်မရှိသော  အသားပိုအကျိတ်အကြောင်း  တင်ဆက်ထားသည့်   “လူ့ခန္ဓာကိုယ်ရှိ  အသားပို အကျိတ်”    သုတဆောင်းပါး၊   သူတစ်ပါးအပေါ်  ကိုယ်ချင်းစာစိတ်ရှိပြီး  ရိုးသားသော နိုးတူးအကြောင်း ရေးဖွဲ့ထားသည့်   “နိုးတူး - ရိုးသားသူရဲ့ရလဒ်”  နှစ်မျက်နှာကာတွန်း၊     မိမိ၏   လိမ္မာပါးနပ်၍    ဉာဏ်အမြော်အမြင်ရှိမှုကြောင့်  အသက်ဘေးက  လွတ်မြောက်ကာ     ပျော်ရွှင်ဖွယ်မိသားစုဘဝကို   ရရှိခဲ့သော  ဖိနပ်ချုပ်သမားအကြောင်း   တင်ဆက် ထားသည့် “ထက်မြက်တဲ့  ဖိနပ်ချုပ်သမား”  ပုံပြင် ကဏ္ဍ၊    အပင်ပေါ်က  သရက်သီးကို   အလွယ်တကူ ရလိုက်သော   လူငယ်လေးတစ်ယောက်အကြောင်း    တင်ဆက်ထားသည့်   “ကံတရား”   တစ်မျက်နှာ ကာတွန်း၊ စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ်  ပြုလုပ်သာ ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင်   ဆန်ခါတင်အဆင့်   ရွေးချယ်ခံရသည့် “ကျွန်တော့် မိုးရာသီမြင်ကွင်း”    စာစီစာကုံးကဏ္ဍ  အပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍနှင့် ကဗျာ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။  

 

သတင်းစဉ်