နေပြည်တော် ဇွန် ၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၁-၆-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄) အမှတ် (၂၄) ၌ မိမိအတွက်သာကြည့်ပြီး ကြက်တူးရွေးလေးရွှေခဲအတွက် မစဉ်းစားပေးခဲ့မိသော ပိစိအကြောင်း ရေးဖွဲ့ထားသည့် “ပိစိပါဝင်သော ပျံသာပျံပါ ထက်အာကာ” မျက်နှာဖုံး ကာတွန်း၊ သင်္ချာပညာရပ်အကြောင်းနှင့် ၎င်း၏ အရေးပါ အရာရောက်ပုံအကြောင်း တင်ဆက်ထားသည့် “စိတ်ဝင်စားစရာ သင်္ချာပညာရပ် ဆိုတာ” သုတဆောင်းပါး၊ သူငယ်ချင်းများအပေါ် အထင်သေးစိတ်ဖြစ်ပေါ်မိသော ပေါလေးအကြောင်း တင်ဆက်ထားသည့် “ပေါလေးပါဝင်တဲ့ တကယ်တုံးတာက” နှစ်မျက်နှာကာတွန်း၊ မိမိ၏အမျိုးအနွယ်ကို ဘေးရန်က ကာကွယ်ပေးနိုင်ခဲ့သည့် ရဲရင့်သော ကျီးအကြောင်း ရေးဖွဲ့ထားသည့် “အမျိုးကိုချစ်ပါ” ပုံပြင်ကဏ္ဍ၊ ရဲရင့်ဖြိုး ၏ လိမ္မာပါးနပ်ပုံအကြောင်း ရေးဖွဲ့ထားသည့် “အမွှေလေးရဲရင့်ဖြိုး” တစ်မျက်နှာ ကာတွန်း၊ စာပေဗိမာန် စိန်ရတုအထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေးတို့ လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာစီစာကုံးကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ် စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်



