
နေပြည်တော် စက်တင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ် ကို ထုတ်ဝေဖြန့်ချိလျက်ရှိ သည်။
အောက်တိုဘာ ၂ ရက် (စနေ နေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် အကြံ ဉာဏ်ကောင်းကို အချိန်မီထုတ် လိုက်နိုင်သော ယုန်ကြီးဦးဖြူ အကြောင်းကို တင်ဆက် ထား သည့် “ဉာဏ်ကြီးရှင်ယုန်ကြီး” မျက်နှာဖုံးကာတွန်း၊ လူ့ခန္ဓာ ကိုယ်အတွင်း သွေးလည်ပတ်စီး ဆင်းမှုအတွက် အဓိကကျသော နှလုံးနှင့် အဆုတ်တို့၏ ဟန်ချက် ညီညီ အလုပ်လုပ်ဆောင်ပုံ အကြောင်းကို ဗဟုတဖြစ်ဖွယ် တင်ဆက်ထားသည့် “ခန္ဓာကိုယ် ၏ သွေးနှင့် နှလုံးအကြောင်း သိကောင်းစရာ” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်မည့် “ဆေးရောင် လှလှခြယ်ရအောင်” ဉာဏ်စမ်း ကဏ္ဍ၊ အသိဉာဏ်ရှိသော စက်ရုပ်အကြောင်း တင်ဆက် ထားသည့်“ဖြိုးရဲ့ အသိဉာဏ် ရှိပါ” နှစ်မျက်နှာ ကာတွန်း၊ ငါးပါးသီလ အမြဲစောင့်ထိန်းကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား များကို လိုက်နာကျင့်သုံးတော့ မည်ဆိုသော မောင်မိုးဇော်နှင့် မမိထွေးတို့မောင်နှမနှစ်ယောက် အကြောင်း တင်ဆက်ထားသည့် “ကိုယ်ချင်းစာ နှလုံးသားနှင့် မေတ္တာတရား” ဝတ္ထုကဏ္ဍ၊ များများစားပါက ကျန်းမာရေး ဆိုးကျိုးများကို ဖြစ်စေနိုင်သော အစားအစာများ အကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာ ကာတွန်း၊ ကား မောင်းရင်း လမ်းကြောင်းမှားပြီး လမ်းပျောက်သွားသည့် အကြောင်း နှင့် အမျိုးသမီးကိုင် ပိုက်ဆံအိတ် ပျောက်သွားသည်ကို ရှာဖွေကြပုံ အကြောင်း အပြန်အလှန် ပြော ထားသည့် သင်ခန်းစာသစ် အချို့ ကို တင်ဆက်ထားသည့်“ရွှေသွေး စကားဝိုင်း” ကဏ္ဍအပါအဝင် ကလေးကာတွန်းကဏ္ဍ၊ ကဗျာ ကဏ္ဍစုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများပါရှိကြောင်း သိရ သည်။
သတင်းစဉ်