ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၁


ပြန်ကြားရေးဝန်ကြီးဌာန   ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန   စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့ တိုင်း ရွှေသွေးဂျာနယ်ကို  ထုတ်ဝေ  ဖြန့်ချိလျက် ရှိသည်။


ဇူလိုင်လ ၃ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင်   ခွေးကလေးသည် တိရစ္ဆာန် ပင်ဖြစ်သော်လည်း   မိမိသခင်၏     ကျေးဇူးကို သိတတ်ပုံအကြောင်းကို     ဆရာမတင်မာလွင်က  ရေးသားထားပြီး   ကာတွန်း    ထွန်းထွန်းဝင်း          (ရန်ကုန်တက္ကသိုလ်)က သရုပ်ဖော်  တင်ဆက်ထား သည့်   “စစ်မှန်သော   လူ့မိတ်ဆွေ”   မျက်နှာဖုံး ဇာတ်လမ်း၊ ကလေးများစကားပြောဆိုရာ၌ လိမ္မာ ယဉ်ကျေးမှုရှိစေရန်   ပညာပေးရေးဖွဲ့ထားသည့်  “ကောင်းကျိုးဖြစ်စေတဲ့ စကားကိုသာ  ပြောဆို ကြပါစို့” သုတ ဆောင်းပါး၊ သူတစ်ပါး၏  ကျေးဇူး ကို   သိတတ်သော  ပုပုအကြောင်းကို   ပညာပေး တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ဒါကြောင့်မို့” နှစ်မျက်နှာကာတွန်း၊ ခြင်ကြောင့်  ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းကို ကလေးများ လိုက်နာရှောင်ကြဉ်နိုင်ရန် ပညာပေးတင်ဆက်ထား သည့် “ခွင့်လွှတ်ပါ သူငယ်ချင်း”  ဝတ္ထု၊ လောဘကြီး ပါက  မိမိ၏ရည်ရွယ်ချက်ပန်းတိုင်ကို  မရောက်နိုင် ကြောင်းနှင့်  မိမိနှင့် ထိုက်တန်သမျှ ကိုသာ ရယူသင့် ပုံအကြောင်းကို အတုယူဖွယ် တင်ဆက်ထားသည့် “လောဘကြီးက အကျိုးနည်းရ” ပုံပြင်၊ သူတစ်ပါး အပေါ်ကို အကောက်ကြံမှုကြောင့်  မိမိရရှိမည့် အခွင့် အရေးများ ဆုံးရှုံးရကြောင်းကို  တင်ဆက်ထားသည့် ကာတွန်းစိန်မျောက်မျောက်၏  “စေတနာ-ထောင် ချောက်” နှစ်မျက်နှာ ကာတွန်း၊  ကလေးများအနေဖြင့် စာပေများကို    အလေးထားဖတ်သင့်ကြောင်းကို တင်ဆက်ထားသည့်    “ဘိုးရာဇာ”  နှစ်မျက်နှာ ကာတွန်း၊ နာမ်ရှေ့တွဲသုံးစကားများ (Determiner) အကြောင်းကို  လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက် ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင် ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင် စွာဖြင့်  ဖတ်စရာ   မှတ်စရာများပါရှိကြောင်း သိရ သည်။                                            

သတင်းစဉ်