ရွှေသွေးဂျာနယ် ထွက်ရှိ

 

 

နေပြည်တော်   နိုဝင်ဘာ   ၈


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
နိုဝင်ဘာ ၁၃ ရက်(စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ် တွင် တန်ဆောင်တိုင်ညတွင် ဆီမီးပူဇော်နိုင်ရန်အတွက် သူ၏အဘွား အတွက် အသပြာငွေရှာပေးနိုင်ခဲ့သော ဖိုးထူးအကြောင်းကို ရေးဖွဲ့ ထားသည့် “ဖိုးထူးလေးနှင့် ဆီမီးမြိုင်မြိုင်” မျက်နှာဖုံး ကာတွန်း၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်      ကျင်းပရခြင်းအကြောင်းနှင့် တန်ဆောင်မုန်းလအခါသမယတွင် ထူးမြတ်သော ကုသိုလ်ပြုနိုင်ပုံ အကြောင်းကို တင်ဆက်ထားသည့် “တန်ဆောင်တိုင်နှင့် ထူးမြတ် သည့်ကုသိုလ်” သုတဆောင်းပါး၊   ကလေးတို့ကိုယ်တိုင်  ပါဝင် ဆောင်ရွက်နိုင်မည့်  ဉာဏ်စမ်းကဏ္ဍ၊ သူဌေးကြီး ဦးစက္ကကြိုင်နီသည် သူ၏ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာများ မဆုံးရှုံးစေရန် ကြိုးစားကြံစည် ဆောင်ရွက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပုံအကြောင်း ရေးဖွဲ့ ထားသည့် “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ”နှစ်မျက်နှာကာတွန်း၊ နွားနှင့် ပတ်သက်၍ သူတို့၏ အမွေးအရောင်များကိုလိုက်၍ ၎င်းတို့၏ အကျင့် အဆိုး၊ အကောင်းကို ခန့်မှန်းတွက်ချက်နိုင်ကြောင်းတင်ဆက်ထားသည့် “ရှမ်းကြိုက်ရင် နွားချော” ဝတ္ထု ကဏ္ဍ၊ မုန့်ဖိုးပိုက်ဆံအကြောင်းကို ပြန်လည်ရှင်းပြသော ကိုထက်အကြောင်းကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ ထားသည့်   “မင်းလည်း မသိပါဘူးကွာ”  တစ်မျက်နှာကာတွန်း၊ မင်းသမီးလေး ပန်းနုသည် ခမ်းနားလှပပြီး ပြီးပြည့်စုံသောစစ်ရေးပြ ပွဲကို ဖန်တီးလိုက်နိုင်ပုံအကြောင်း ရေးဖွဲ့ထားသည့် “ပြီးပြည့်စုံတဲ့ တော်ဝင်စစ်ရေးပြပွဲ” ပုံပြင်ကဏ္ဍတို့အပါအဝင် အင်္ဂလိပ်စကားဝိုင်း ကဏ္ဍနှင့် ကဗျာကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ပါသည်။