ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူအားလုံးတို့က စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်

 

နေပြည်တော်   နိုဝင်ဘာ  ၁၇


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များ၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုးရီးဟိုတယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးသိန်းလင်း၊ ဦးမောင်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ 
 

 

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက    ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ် ထားသော    စည်းမျဉ်းစည်းကမ်း များ၊ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး ထိန်းကျောင်းကြပ်မတ် လျက်ရှိသကဲ့သို့    ရေရှည်တွင် GAqP  အပါအဝင်     ခေတ်မီ နည်းပညာအသုံးပြု  ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန်  လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေး ဖွံ့ဖြိုးရန်နှင့်  သဘာဝပတ်ဝန်း ကျင်နှင့်   လိုက်လျောညီထွေရန် ဟူသည့် ဒေါက်တိုင်သုံးခုဖြင့် ငါး၊ ပုစွန်ကဏ္ဍ        ဖွံ့ဖြိုးလာရေးကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းရာသီသတ်မှတ်ခြင်း၊ အချို့ ဒေသများတွင် ဇုန်များ သတ်မှတ် ထိန်းသိမ်းခြင်း၊  သဘာဝငါးမျိုး ပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်း တို့ဖြင့်    ရေရှည်အကျိုးစီးပွား အတွက်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း   စောင့်ရှောက်ခြင်း လုပ်ငန်းများကို ရေလုပ်ငန်းကဏ္ဍ တွင် ပါဝင်ပတ်သက်သူအားလုံး တို့က  စနစ်တကျလိုက်နာဆောင် ရွက်ကြရန်      လိုအပ်ကြောင်း ပြောကြားသည်။

 


အစည်းအဝေးတွင်  လုပ်ငန်း ရှင်များ၏ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၏   အခြေအနေနှင့် ရှေ့ဆက်    ဆောင်ရွက်လိုသည့် လုပ်ငန်းရပ်များအပေါ် ဆွေးနွေး တင်ပြခြင်း၊ ခေတ်မီအအေးခန်း သိုလှောင်ရုံ၊ အဆင့်မြင့်လက်ကား ဈေး ဖော်ဆောင်ရေးဆိုင်ရာကိစ္စ ရပ်များ၊       တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်နိုင်ရေး၊ ဌာနနှင့် ပုဂ္ဂလိ က ပူးပေါင်း၍ ငါးသုတေသနဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရေးနှင့် အမြန်ဆုံး အသုံးပြုနိုင်မည့် လက်တွေ့အသုံးချ  သုတေသန လုပ်ငန်းများကို      ဦးစားပေး ဆောင်ရွက်ရန်   ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 


ထို့နောက်       ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်း ခရိုင် FOB စစ်ဆေးရေးစခန်းနှင့် ကမ်းနီးရေလုပ်ငန်းကုမ္ပဏီဇုန်များ ကို ကြည့်ရှုစစ်ဆေးပြီး   တာဝန် ရှိသူများအား   ငါးဖမ်းရေယာဉ် လုပ်သားများအတွက်   လိုအပ် သော    လုပ်ငန်းကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ဆိုင်ရာ သင်တန်းများ စနစ်တကျ ဖွင့်လှစ်ပို့ချပေးရန်  လိုအပ်ချက် များ၊ ငါးလုပ်ငန်းဆိုင်ရာ ဓာတ်ခွဲ ခန်းများ ခေတ်မီစေရေး ဆောင်ရွက် ရန်နှင့် အစားအစာ   ဘေးကင်း လုံခြုံမှု ကုန်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းကြပ်မတ်ရန် လိုအပ် ချက်များကို   ဆွေးနွေးမှာကြားသည်။ 

 


ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခြင်း၊ သယ်ယူခြင်းလုပ်ငန်းများ ဆောင် ရွက်သည့်  ငါးဖမ်း၊   ငါးသယ် ရေယာဉ်များ၏ ဝင်/ထွက်မှုများ နှင့် ရေထွက်ပစ္စည်းများကို ပြည်ပ သို့ တင်ပို့မှုများကို သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့ က FOB စနစ်ဖြင့် ရုံးလုပ်ငန်းများ အား တစ်ချိန်တည်း၊  တစ်နေရာ တည်း တစ်ပြေးညီဖြစ်စေရန် One stop service ဖြစ်စေရန် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊     နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်း ခရိုင် သူဌေးကျွန်းပေါ်ရှိ ပုဂ္ဂလိက ပုစွန် မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးကာ(ဝဲပုံ)  စီးပွား ဖြစ်  ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်း ရှင်ကြီးများအနေဖြင့်  ဒေသနေ လုပ်ကွက်ငယ်   တောင်သူများကို နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီပေးပြီး ပုစွန် မွေးမြူရေး လုပ်ငန်းကို        အားလုံးပါဝင် ဆောင်ရွက်နိုင်သည့်   လုပ်ငန်း တစ်ရပ်အဖြစ် အကောင်အထည် ဖော်   ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး  ပြောကြားခဲ့ကြောင်း သိရသည်။                

 

သတင်းစဉ်