ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၂၄


တရားမဝင်ကုန်စည်များ၊ တားဆီးထိန်းချုပ် ရေးအတွက်  ရေပူနှင့်မရမ်းချောင်  အမြဲတမ်း စစ်ဆေးရေးစခန်းတို့အား     ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့်   ၂၀၁၇  ခုနှစ်  မတ်  ၁ ရက်တွင်  စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီး        တစ်လျှောက်  ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၃၈ စီး၊ သွင်းကုန် ၁၆၈ စီး၊    ရန်ကုန်-မြဝတီ       လမ်းမကြီး တစ်လျှောက်  ကုန်သွယ်မှုယာဉ်သွင်းကုန် ၂၄၅ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။ 

 


အဆိုပါ     စစ်‌ဆေးရေးစခန်းများက    တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်‌ဆေးမှု   ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁   ခုနှစ်      အောက်တိုဘာ ၂၃ ရက်တွင်   မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ    တားဆီးမှုတစ်မှု၊   ခန့်မှန်း တန်ဖိုးငွေကျပ်   ၀ ဒသမ  ၇၅၀ သန်း တန်ဖိုးရှိသော ခရီးသည် ဝန်စည်များနှင့်    ရောနှောတင်ဆောင်လာ သော တရားဝင်စာရွက်စာတမ်း   တစ်စုံ တစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့်    Lipo-vitan-D (100mlx50) (50 Pkgs) ကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။        


သတင်းစဉ်