
ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည် သာမြို့နယ်ရှိ သီရိမာလာဈေး၊ အခွန်လွတ်ဈေးနှင့် လားရှိုးဈေး တို့၌ ဈေးရောင်းဝယ်နေမှုအခြေ အနေနှင့် မြေလွတ်လပ်မှုအခြေ အနေတို့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဒေါက်တာ ငွေစန်းသည် ဈေးများနှင့် ကုန်စည် ပွဲရုံများဌာန ဌာနမှူး ဦးသန်းထိုက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ထို့နောက် ကော်မတီဝင်နှင့် အဖွဲ့သည် ဝါးတရာလှော်ကား လမ်းမကြီးနှင့် စက်မှုလမ်းထောင့် ရှိ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ အလျား ၁၀၀ x အနံပေ ၆၀ ရှိ ဈေးရုံဆောက်လုပ်ထားမှု အခြေ အနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရပ်ကွက်သန့်ရှင်း သာယာမှုကို မထိခိုက်စေရေးနှင့် လမ်းဘေးကျူးကျော်များ မရှိစေ ရေး တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရသည်။
အာကာစိုး