
ရန်ကုန် နိုဝင်ဘာ ၇
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်၌ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်နေပြည်သူ ၂၁၇ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့တွင် ရွှေပြည်သာမြို့နယ် အမှတ် ၉ ရပ်ကွက်ရှိ အထက(၅)ကျောင်း၌ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြား ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်က ပန်းခင်းစီမံချက် အကြောင်း သိကောင်းစရာများနှင့် နိုင်ငံ သားဆိုင်ရာ အချက်အလက်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နောက် ရပ်ကွက်နေပြည်သူ ၂၁၇ ဦးတို့ ကို တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသီးသီးပေးအပ်ခဲ့ ကြရာ ရပ်ကွက်နေပြည်သူများကိုယ်စား အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေပြည်သာ မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် ပေါင်း ၂၃ ရပ်ကွက်နှင့် ကျေးရွာပေါင်း လေးရွာရှိ ပြည်သူများထံသို့ ကွင်းဆင်းပြီး ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စုစာရင်း ၁၅၅၂ စုရှိ ရပ်ကွက်နေပြည်သူ ၃၄၅၀ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေးပြီးဖြစ်သည်။
ဉာဏ်ဟိန်း