ရေနေသယံဇာတထိန်းသိမ်းရေး အဆိပ်ချ၊ ဆေးချငါးဖမ်းခြင်းနှင့်  ဘက်ထရီရှော့တိုက်  ငါးဖမ်းခြင်းမပြုရေး ပူးပေါင်းပါဝင်ကူညီပေး

Type

 

 

ပင်လယ်ပြာ(ငါးဦးစီး)

 

မြန်မာ့ရေချိုငါးလုပ်ငန်းရေပြင်များတွင် တားမြစ်ငါးဖမ်းနည်းဖြစ်သော အဆိပ်ချ၊ ဆေးချငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက် (ကျင်စက်)ဖြင့် ငါးဖမ်းဆီးသူတချို့ရှိနေကြသဖြင့် ထိုကဲ့သို့ဖမ်းဆီးပါက ရေသယံဇာတများ ထိခိုက်ပျက်စီးစေပါသည်။

(က)    အဆိပ်ချ၊ ဆေးချငါးဖမ်းခြင်းသည် ရေသတ္တဝါများအား သေစေရုံသာမက အဆိပ်ကြောင့် သေသော ငါးများကို စားသုံးမိသူများသည် မူးဝေခြင်း၊ ကိုယ်လက်ထုံကျဉ် ခြင်း၊  ကျောက်ကပ်ပျက်စီးခြင်း၊   ကိုယ်တစ်ခြမ်း သေစေနိုင်သည်အထိ လေဖြတ်ခြင်း၊ အာရုံကြောများ ထိခိုက်ခြင်းတို့ ဖြစ်စေနိုင်သည်။ 
(ခ)    ဆိုက်ပါမီသရင်း 10 EC ပိုးသတ်ဆေးသည် ရေထုအပုံ တစ်သန်း၏ ၀ ဒသမ ၀၀၄၂ ပုံ (ppm)  ပျော်ဝင်ရုံဖြင့် လေးလက်မအရွယ် တီလားပီးယားငါးကို သေစေနိုင် သည်။
(ဂ)    အယ်လ်ဆန်  50 EC  ပိုးသတ်ဆေးသည်  ရေထုအပုံ တစ်သန်း၏ ၀ ဒသမ ၀၂  ပုံ(ppm)  ပျော်ဝင်ရုံဖြင့်  ၃ ဒသမ ၅  လက်မအရွယ်   တီလားပီးယားငါးကို သေစေနိုင်သည်။
(ဃ)    အင်ဒရင်း ပိုးသတ်ဆေးသည် ပက်ဖျန်းပြီးနောက် တစ်လကြာသည်အထိ လည်းကောင်း၊ DDT ပိုးသတ် ဆေးသည် ၄၅ ရက်ခန့်အထိလည်းကောင်း အာနိသင် ကြာရှည်စွာ   တည်ရှိသဖြင့်   ရေသတ္တဝါများအား ချက်ချင်းသေစေရုံသာမက တဖြည်းဖြည်းချင်းလည်း သေဆုံးစေနိုင်သည်။
ပြဒါးနှင့် ဆိုင်ယာနိုက်များ၏ ဆိုးကျိုးများ
ရွှေကျင်ရာတွင် အသုံးပြုသည့် ပြဒါးနှင့် ဆိုင်ယာနိုက် များအား စနစ်တကျမစွန့်ပစ်ဘဲ  မြစ်ချောင်း၊  အင်းအိုင် အတွင်း စွန့်ပစ်ပါက-
(က)    သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ပျက်စီး ခြင်း။
(ခ)    ရေနေသတ္တဝါများ သေကျေပျက်စီးခြင်း။
(ဂ)    ရေနေသတ္တဝါများ၏ မျိုးပွားစနစ်ကို ထိခိုက်ခြင်း။
(ဃ)    ပြဒါး (သို့မဟုတ်) ဆိုင်ယာနိုက်အဆိပ်ဖြင့် သေဆုံး သောငါးများအား လူသားတို့ စားသုံးမိပါက-
    -    ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်ခြင်း၊
    -    သွေးအဆိပ်တက်ခြင်း  စသည့် သွေးနှင့်ပတ်သက် သော ရောဂါများဖြစ်ပွားခြင်း၊
    -    သန္ဓေမတည်နိုင်ခြင်း၊ မျိုးမအောင်ခြင်း  စသည် ဖြင့် မျိုးပွားမှုကို ထိခိုက်ခြင်း။ 
(င)    အထူးသဖြင့် ကလေးငယ်များအား ပိုမိုထိခိုက်စေပြီး ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း စသည့်ဆိုးကျိုးများကို ခံစားရရှိစေပါမည်။ 
အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များ
အထက်ဖော်ပြပါ ငါးမျိုးပြုန်းတီးစေနိုင်သော ငါးဖမ်း နည်းစနစ်များဖြင့် ငါးဖမ်းခြင်းကြောင့် ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင်  ထောင်ဒဏ်ဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊  ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။
အလားတူ ငါးသယံဇာတအပါအဝင် ရေနေသယံဇာတ များကို ထိခိုက်စေနိုင်သည့် ဘက်ထရီရှော့တိုက် (ကျင်စက်)ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည် -
ကျင်စက်ဖြင့်ငါးဖမ်းခြင်း
မြန်မာ့ရေချိုငါးလုပ်ငန်းရေပြင်များတွင် ငါးသယံဇာတများကိုထိခိုက်စေနိုင်သည့် တားမြစ်ငါးဖမ်းနည်းဖြစ်သော ဘက်ထရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းဆီးသူများရှိနေ ကြသဖြင့် ထိုကဲ့သို့  ဖမ်းဆီးပါက ရရှိနိုင်မည့်ဆိုးကျိုးများကို ဖော်ပြပေးပါမည်။ 
ငါးသယံဇာတများကို ထိခိုက်စေနိုင်သဖြင့် တားမြစ် ကန့်သတ်ထားသော ငါးဖမ်းနည်းစနစ်များမှာ-
(က)    ပိုက်ကွက် ၃/၄ လက်မအောက်ငယ်သောပိုက်များဖြင့် ငါးဖမ်းခြင်းမပြုရ။
(ခ)    ဂုန်နီ၊ ပိတ်စ၊ပလတ်စတစ် (သို့မဟုတ်) နိုင်လွန်ရက် ထည်စသည်တို့ဖြင့် ရေလမ်းကြောင်းပိတ်၍ ငါးဖမ်း ခြင်းမပြုရ။
(ဂ)    ဘက်ထရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းခြင်းမပြုရ။
(ဃ)    ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊အဆိပ်အတောက်၊ဓာတုပစ္စည်းနှင့်ယင်းကဲ့သို့အန္တရာယ်ဖြစ်စေသော ပစ္စည်းများဖြင့် ငါးဖမ်းခြင်းမပြုရတို့ဖြစ်ပါသည်။
ရေနေသယံဇာတများနှင့်လူကိုပါ ထိခိုက်စေသည့် ဘက်ထရီ ရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းခြင်း၏ ဆိုးကျိုးများမှာ- အပင်မျောလှေး (Phytoplankton)၊ သတ္တမျောလှေး (Zoo-plankton) အပါအဝင် ငါးနှင့်ရေနေသတ္တဝါများ သေကျေ ပျက်စီးခြင်းကြောင့် ဂေဟဗေဒစနစ်နှင့် သတ္တဝါများတိုးပွားမှု အတွက်အရေးပါသော  အစာကွင်းဆက်   (Food  Chain  Mechanism) များ ပျက်ယွင်းခြင်း၊ ဥကပ်ငါးများ သေကျေ ပျက်စီးပါက ပေါက်ပွားလာမည့် ငါးသယံဇာတများ ဆုံးရှုံး ခြင်း၊ ရောင်းတမ်းဝင်ငါးတစ်ကောင်ရရန်အတွက် ငါးငယ် များစွာ သေကျေပျက်စီးခြင်း၊ အသက်မသေဘဲ လွတ်မြောက် သွားသော ငါးကြီးများသည်  လျှပ်စစ်ဓာတ်အားကြောင့်  ချည့်နဲ့သွားခြင်း၊ မြုံသွားခြင်း၊ မျိုးမပွားနိုင်တော့ခြင်း၊ အခန့် မသင့်ပါက လူပါဓာတ်လိုက်သေဆုံးနိုင်ခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ်လျက်ရှိသော မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ပင်လယ်လိပ်၊ တောင်ပေါ်ဖျံ နှင့်ဒေသမျိုးရင်း ငါးမျိုးများကိုလည်း ထိခိုက်သေဆုံးစေခြင်း တို့ ဖြစ်ပွားနိုင်သည်။
အထက်ဖော်ပြပါ ငါးမျိုးပြုန်းတီးစေသော ငါးဖမ်းနည်း စနစ်များဖြင့်ငါးဖမ်းခြင်းကြောင့် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။
သို့ဖြစ်၍   ရေနေသယံဇာတထိန်းသိမ်းရေးအတွက် တားမြစ်ငါးဖမ်းနည်းဖြစ်သော အဆိပ်ချ၊  ဆေးချငါးဖမ်း နည်းနှင့် ဘက်ထရီရှော့တိုက်(ကျင်စက်) ဖြင့် ငါးဖမ်းခြင်း မပြုရေးအတွက် ပြည်သူများ ပူပေါင်းပါဝင် ကူညီဆောင်ရွက် ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။      ။