ရွေ့လျားဈေးကားရောင်းချမှုနှင့် စိမ်းလန်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်    အောက်တိုဘာ    ၅


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ရန်ကင်းမြို့နယ် (၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား စနစ်ဖြင့်        မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက် မျိုးစုံ၊   အသားမျိုးစုံနှင့်   ငါး/ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့်       ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့ သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက်  မြို့တော်ဝန်နှင့်အဖွဲ့သည်  ဗဟန်း မြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ်တွင် ကန်ရေပြင် ကြည်လင်သန့်ရှင်းစေရေးအတွက် အင်းလျားကန်မှ  ရေအား ကန်တော်ကြီးအတွင်းသို့ ဖိုးစိန်လမ်းရေဝင် မြောင်းမှတစ်ဆင့် ရေသွင်းနေမှု၊ နုန်းများ၊ မှော်၊ ဒိုက် များအား Dredger စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းနေမှု၊ ကန်စပ်တစ်လျှောက် မြက်ပင်များ၊ အမှိုက်များ  ရှင်းလင်းနေမှုကိုလည်းကောင်း၊  ဒဂုံ မြို့နယ်    ပြည်သူ့ရင်ပြင်နှင့်     ပြည်သူ့ဥယျာဉ်၌ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဆောင်ရွက် နေသော အီးအမ်ဘိုကာရှီ မြေဩဇာထုတ်လုပ်ခြင်း အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။ 


သတင်းစဉ်