ရေကြည်မြို့နယ်၌ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်

ရေကြည် ဇူလိုင် ၂ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဇွန် ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်း မြို့၌ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ပြုလုပ် ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ ရေကြည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ ရေကြည်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ၊ ပန်းတနော် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်သင်းပပထွန်းနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင် နှင့်ကလေးအဖွဲ့ဝင်များ၊ အင်းသားကြီးများနှင့် ငါးမွေးတောင်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးလွင်က ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ငါးမျိုးများ လွှဲပြောင်းပေးကာ တက်ရောက်လာသူများက ငဝန်မြစ်အတွင်း ပန်းတနော်ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအောက်ခံ ငါးမြစ်ချင်း ကောင်ရေ ၁၀၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၁၀၀၀၀၀၊ ရွှေဝါငါးကြင်း ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်း ကောင်ရေ ၃၀၀၀၀၀ အား ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်