
နေပြည်တော် ဇူလိုင် ၆
ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရစ်ငါးသန်ကာလအတွင်း တရားမဝင် ငါးဖမ်း ဆီးမှုများမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို အင်းလုပ်ငန်းဆောင်ရွက်နေ သည့် အင်းသားကြီးများ၊ ရေလုပ်သားကြီးများနှင့် ဆောင်ရွက်လျက် ရှိသည်။
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းစန်းလှိုင်နှင့် လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းထွဋ်တို့သည် ပကွီးအင်းသားကြီး၊ ဒလဆိပ်ချောင်းကျိုး တင်ဒါချက် အင်းသားကြီး တို့နှင့်အတူ ဇူလိုင် ၃ ရက်နှင့် ၅ ရက်က ငါးရစ်ငါးသန်ကာလအတွင်း တရားမဝင်ငါးဖမ်းမှုများ မရှိစေရေးနှင့် ကာကွယ်တားဆီးရေးအနေဖြင့် စစ်တောင်းမြစ်၊ ကျောက်ကြီး ချောင်းအတွင်းနှင့် ဒလဆိပ်ချောင်းကျိုး တင်ဒါချက်များအတွင်းသို့ ကွင်းဆင်းပြီး တရားမ၀င်ငါးဖမ်းပိုက် များဖြစ်သော သုံးထပ်ပိုက် လေးလက်၊ တားပိုက် ၂၅ လက်တို့အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်