
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation(Myanmar E&P)သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 တွင် SHWE Phase 2 Development Project အရ Subsea Installation လုပ်ငန်းများအား Diving Support Vessel “M.V SOUTHERN STAR ” ဖြင့် လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာများဖြစ်သော Point-A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၁ မိနစ် ၅၁.၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၀ မိနစ် ၀၈.၂၉ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၆ မိနစ် ၀၃.၄၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၀၂.၆၉ စက္ကန့်၊ Point-C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၀ မိနစ် ၁၅.၂၃ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၇ မိနစ် ၅၁.၈၂ စက္ကန့်နှင့် Point-D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၇.၀၃ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၀ မိနစ် ၅၁.၀၆ စက္ကန့်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 တွင် SHWE Phase 2 Development Project အရ Subsea Installation လုပ်ငန်းများအား Diving Support Vessel “M.V SOUTHERN STAR” ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာ မှုမဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်မည့် တည်နေရာ များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေး ချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီး ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန် များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း နှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေး ကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန